ကြိုး-(9)

678 57 0
                                    


Ommaဘက်​ကအမျိုး​တွေ​ရောက်​​နေသဖြင့်
အိမ်​ကမခွာရ​ပေ။က​လေး​တွေလဲပါသဖြင့်​ သံစုံ
တီးဝိုင်းငှါးထားရသလိုပင်​။သာယာနာ​ပျော်​ဖွယ်
တော့မရှိဘူး​ပေါ့။ဆော့လိုက်​တာဆိုတာ 
မျောက်​​တောင်​မူးလဲ​လောက်​သည်​။
ကိုယ့်​တူ​တွေ တူမ​တွေဆို​ပေ
မယ့်​ သည်းမခံနိင်​​တော့...

"ဟဲ့ ​အောစွန်​ ​ဂျော်​နီဖို့ ငားရိုး​တွေမကိုက်​နဲ့​လေ"

"​ထောက်​ဆယ်​ အဲ့ဒါဓားအစစ်​​တွေ ကစားစရာ
မဟုတ်​ဘူး ချထားစမ်း"

"ဂျုံမှုန့်​ မမစာအုပ်​​တွေမကိုက်​နဲ့"

"ကလင်​ ကလင်​"

ဪ အ​ရေးထဲ ဘယ်​ကဖုန်းလဲ။

"ဟယ်​လို"

"Yoong ငါ့မိဘ​တွေရှာ​တွေ့ပြီ"

"ဟာ ဘယ်​သူကလိမ်​ပြန်​ပြီလဲ"

"ဒီတခါအတည်​ပါ Yoongရဲ့ငါသူနဲ့​တွေ့ခဲ့တယ်​"

"ဘယ်​သူလဲ"

"ငာ့Appaမိတ်​​ဆွေရဲ့တူမရဲ့ ​ချွေးမရဲ့ အ​ဒေါ်ရဲ့ ​မြေးရဲ့ ချစ်​သူရဲ့ သူငယ်​ချင်းရဲ့ ......."

"​တော်​ ​တော်​စမ်း ဘယ်​လိုမှ...."

"တီ​လေး ​ဂျောစွန်​ကို ဒိုးဆယ်​ခွက်​နဲ့​ပေါက်
လိုက်​တာ နဖူးကွဲသွားပြီ"

"​အေး ​အေး Yul​ရေ ​နောက်​မှ​ပြောကြရ​အောင်
အိမ်​မှာ ပုစုခရု​တွေ​ရောက်​​နေလို့"

Yuri​ပြန်​​ဖြေတာကိုပင်​ မ​စောင့်​နိုင်​​တော့။
လော​လောဆယ်​အိမ်​တွင်း ငြိမ်းချမ်း​ရေး​ဆောင်
ရွက်​ရဦးမည်​​လေ။

ပိစိ​တွေအိပ်​သွားမှပဲ သူသက်​ပြင်းချနိုင်​​တော့
သည်​။အဲ ဟိုက​လေး။

ဒုန်းစိုင်း​ပြင်​ကာ Yuriတိုက်​ခန်းသို့သွား​ရ
သည်​။အလိမ်​ခံရ​ပေါင်းလဲ မနည်း​တော့။
ဒါလဲအမှတ်​မရှိ။သူရှာထားတဲ့ ပိုက်​ဆံ​တွေက
ဒါနဲ့ကုန်​တာ များပြီ။
တခါတုန်းကများ လူငယ်​သန့်​သန့်​​လေးက
ရှာ​ဖွေ​ရေး​အေဂျင်​စီကပါဆိုပြိီး မှတ်​ပုံတင်​ပါ
ပြလိုက်​​တော့ Kwon Yuriဆိုတဲ့ငနဲ​လေးကယုံ
လိုက်​တယ်​​လေ။ဟိုကလဲမထင်​ရဘူးကို။
နှစ်​လ​လောက်​အဆက်​အသွယ်​မရလို့ သွား
ရှာကြည့်​မှ လူလိမ်​ဆိုတာသိလိုက်​ရတယ်​။
Yuriက​တော့နှ​မြောပုံမရဘူး။သူ့ မိဘ​တွေကို
မ​တွေ့ရလို့ပဲ ဝမ်းနည်း​နေရှာတာ။
အပြစ်​လဲမတင်​ရက်​ဘူး။သူ့ကိုလဲအပြစ်​​ပြော
လို့မရဘူး။လူဆိုတာ တစုံတခုအ​ပေါ်မှာ ယုံ
ကြည်​မှုလွန်​ကဲ​နေရင်​ ဆုံးဖြတ်​ချက်​​တွေမမှန်
တော့ဘူးမလား။ဒါကိုသိတဲ့လူပါး​တွေက
အဲ့ဒီ့စိတ်​​ပေါ်မှာ အခွင့်​အ​ရေးယူတာ။မုန်းဖို့
ကောင်းလိုက်​တာ။

ကြိုးDonde viven las historias. Descúbrelo ahora