ကြိုး-(13)

742 66 8
                                    


ကျောင်းတက်​ရန်​လို​သေးသည်​​ကြောင့်​ Sooyoungတို့ရှိသည့်​ ကန်​တင်းကိုပင်​သွား
လိုက်​သည်​။သူ့ကိုမြင်​​တော့ Sooyoung
ကလှမ်း​ခေါ်သည်​။

"Hay Yoona ဒီဘက်​မှာ ဒီကိုလာခဲ့"

သူခပ်​သွက်​သွက်​​လျှောက်​သွားပြီး ဝုန်းခနဲထိုင်
ချလိုက်​သည်​။တ​ယောက်​အ​ကြောင်းတ
ယောက်​ညက်​​နေကြ​သော သူ့သူငယ်​ချင်း​တွေ
က Yoonaကြိုက်​တတ်​သည့်​ စပါကတီနဲ့
လိ​မ္မော်​​ဖျော်​ရည်​ကို မှာထား​ပေးသည်​။
အိမ်​ကထမင်းစားလာခဲ့ပြီဖြစ်​​သော်​လဲ အစား
တွင်​မတင်းတိမ်​နိုင်​သည့််​ သူ့အကျင့်​အတိုင်း
အားရပါးရတီး​လေ​တော့သည်​။
ဒီဆိုင်​က သူတို့Uniကန်​တင်း​တွေထဲမှာ​တော့
လက်​ရာအ​ကောင်းဆုံးဖြစ်​သည်​မို့ လူအရမ်း
စည်​သည်​။
ဆိုင်​​ဘေးတွင်​လဲ ​ရေကန်​ကြည်​ကြည်​​လေးရှိ
တာ​ကြောင့်​ အတွဲ​တွေအများဆုံးထိုင်​​လေ့ရှိ
သည့်​ No.1 ဖြစ်​သည်​။

Sunny-"ကဲ ဆိုပါဦး နှစ်​ရက်​လုံးဘယ်​​ပျောက်
နေတာလဲ"

"​နေမ​ကောင်းလို့"

စိတ်​မလုံလှ​သော​ကြောင့်​ တိုတိုတုတ်​တုတ်​ပင်
ဖြေလိုက်​သည်​။Taeက​တော့ သူ့ကိုစိန်းစိန်းကြီး
စိုက်​ကြည့်​​နေ​လေသည်​။
ဟိုတ​နေ့က​လျှောက်​လည်​လို့ ​ကျောင်းမတက်
ဖြစ်​​ပေမယ့်​ မ​နေ့က​တော့ အိပ်​ရာထ​နောက်​ကျ
လို့ပါ။Yuriကို ရင်​မဆိုင်​ရဲတာလဲပါသည်​။
သူငယ်​ချင်း​တွေကိုလဲ မသိ​စေချင်​ပါ။
သူတို့၏ အမုန်းကိုခံနိုင်​ရည်​မရှိ။
ပိုဆိုးတာက သူတို့မှတဆင့်​ Yuriသိသွားသည့်
အခါ က​လေးရဲ့ အမုန်းကို သာ၍ခံနိုင်​ရည်​မရှိ။

Fany-"Yuri က​ရောဘာလို့မလာတာတဲ့လဲ"

"ဟင်​...."

Fany-"Yuriမ​နေ့က​ကျောင်းမလာဘူး​လေ
နင်​နဲ့အတူရှိ​နေတာမဟုတ်​ဘူးလား"

"မဟုတ်​ဘူး"

Fany-"ဒါဆိုရင်​..."

"ဘာလို့သူများကိစ္စစပ်​စု​နေရတာလဲ Fany"

ရုတ်​တရက်​ထ​အော်​လိုက်​​သော Tae​ကြောင့်​သူ
တို့တဖွဲ့လုံးလန့်​သွားရသည်​။
Taeဆိုသည်​မှာ Fanyကို​အော်​ဖို့မ​ပြောနဲ့
အသံမာမာပင်​မ​ပြောဖူး။
အံ့သြမှုနှင့်​ဝမ်းနည်းမှု ​ရောပြွန်းကာမျက်​ရည်​ဝဲ
လာ​သောFanyကို Taeက​လေ​အေး​​လေးနဲ့
ပြန်​​ချော့ရသည်​။

ကြိုးWhere stories live. Discover now