ကြိုး-(3)

957 67 1
                                    

"Yoonaနင်​ ဟိုအ​ကြောင်းကြားပြီးပြီလား"

ပေါင်​မုန့်​ကို ယိုသုတ်​​နေရင်း အဆက်​အစပ်​မရှိ
မေးလာ​သော Sooyoungစကား​ကြောင့်​ 
ကြောင်​​တောင်​​တောင်​ဖြစ်​သွားသည်​။

Yoona-"ဘာအ​ကြောင်းလဲ"

Soo-"အဲ့...အဲ့ဒါ...က......sunny နင်​ပဲ​ပြော
လိုက်​​တော့ဟာ"

သူ့ကိုစိတ်​ပူသလိုကြည့်​​နေ​သော Sooyoung
နှင့်​ Sunny​ကြောင့်​ အ​တော်​ပင်​​ခေါင်းစားသွား
ရ​လေသည်​။သူ့မှာဘာပြသနာ ရှိ​နေလို့ပါလိမ့်​။

Sunny-"Yuriနဲ့Siwon တွဲ​နေကြပြီတဲ့"

Yoona-"ဘာ!!!"

နွေ​ခေါင်​​ခေါင်​မိုးကြိုးပစ်​ချလိုက်​သည့်​နှယ်​။
မျက်​စိ​တွေပြာလာကာ ​ခေါင်း​တွေကိုက်​လာ
သည်​။
လုပ်​ရက်​​လိုက်​တာ က​လေးရာ။ဘာအငြိုးနဲ့များ
ဒီ​လောက်​နှိပ်​စက်​​နေရတာလဲ။

Sooyoung-"Yuriကိုကြည့်​ရတာ အတည်​တွဲ
နေတဲ့ ပုံမဟုတ်​ပါဘူး သူကQueen ဆို​တော့
သူနဲ့မထိုက်​တန်​တဲ့​ကောင်​​တွေကိုခါချ​ဖို့ King
နဲ့ခနတွဲတဲ့သ​ဘောဖြစ်​မှာပါ"

Yoona-"မဟုတ်​ဘူး Soo.. သူ.....အဲ့​ကောင်​​လေး....ကို... တကယ်​...... ချစ်​​နေတာ"

Soo-"............"

Sunny-"မငိုပါနဲ့ Yoongရယ်​"

ကျဆင်းလာသည့်​ မျက်​ရည်​​တွေကို ခပ်​ကြမ်း
ကြမ်းသုတ်​ပြီး ကန်​တင်းမှထွက်​လာခဲ့သည်​။
Sooyoungတို့လှမ်း​ခေါ်​နေတာကိုလဲ ဂရုမစိုက်
နိုင်​​တော့။အခုချိန်​မှာတစုံတ​ယောက်​ကို ရန်​​တွေ့
ပစ်​ချင်​စိတ်​သာကြီးစိုးလျက်​။

တွေ့ပါပြီ။မေပယ်​ပင်​​အောက်​မှာ Siwonပုခုံးကို
မှီရင်း လက်​ချင်းတွဲထားသည့်​Yuri။
ငာ့ကိုအ​သေသာ သတ်​လိုက်​ပါ​တော့လား။

"Kwon Yuri!"

Yoona​အော်​လိုက်​​တော့ Yuriကိုယ်​လုံး​လေး
ဆတ်​ခနဲတွန့်​သွားသည်​။

"ငါတို့ စကားခန​ပြောကြရ​အောင်​"

သူ့မျက်​ဝန်း​တွေထဲမှာ တစုံတခုကိုစိုးရိမ်​​နေ
ဟန်​။နောက်​​တော့သူ သက်​ပြင်းတချက်​ချလိုက်
သည်​။

ကြိုးWhere stories live. Discover now