ကြိုး-(10)

726 65 4
                                    


ဒီ​နေ့လဲသူ မငြင်းနိုင်​ခဲ့။
ကောင်​​လေးရဲ့ဖိတ်​​ခေါ်ချက်​ကို သူဘယ်​​တော့မှ
မငြင်းနိုင်​ခဲ့။
နေရာက​တော့ ​ကော်​ဖီဆိုင်​။ထူးထူးဆန်းဆန်း
ည​နေခင်းကြိီးကို။
ကောင်​​လေးကအိမ်​ကိုသာအလည်​​ခေါ်တတ်
သည်​။ဒီလိုမျိုးတခါမှ ဆိုင်​မထိုင်​ဖူး။
အလွန်​ဆုံးသွားဖူးသည်​ဆို၍ ဆည်​ကိုပတ်​၍
ဆောက်​လုပ်​ထား​သော ​ပြေးလမ်း​လေးမှာ
နှစ်​​ယောက်​တွဲ​လျှောက်​ဖူးသည်​သာ။
ဧကန္တ​တော့ သူ ရိုမန်​တစ်​ဆန်​ချင်​လို့လား။
ဒါဆိုရင်​ သူငါ့ကိုများ.....
အ​တွေးနှင့်​ပင်​ ရင်​ခုန်​သံ​တွေမြန်​လာသည်​။

ဆိုင်​ထဲ​ရောက်​​တော့ ​စားပွဲတစ်​လုံးမှာထိုင်​​နေ
သည့်​​ကောင်​​လေးမှ။သူကလွဲပြီး အခြား
Customersတစ်​​ယောက်​မှမရှိ။
သူကလက်​ယပ်​​ခေါ်​နေ​လေ​တော့ မျက်​လွှာ
လေးကို အသာချကာ စားပွဲဆီ​လျှောက်
သွားလိုက်​သည်​။
ကော်​ဖီခွက်​ချထားသည်​ကို ကြည့််​လိုက်​​တော့
သူအမြဲ​သောက်​တတ်​သည့်​ Cappuccino။
အလိုက်​သိတတ်​​ပေခြင်း။
ရုတ်​တရက်​သူတို့နားကို စန္ဒယားအဖွဲ့တစ်​ဖွဲ့
ရောက်​လာကာ All of meသီချင်းကိုတီးခတ်
နေသည်​။
သူအရှက်​​ပြေ ​ကော်​ဖီငုံ့​သောက်​လိုက်​​တော့
ပါးစပ်​ထဲ ကြိုးတစ်​​ချောင်း​ရောက်​​နေသည်​။
ထွေးထုတ်​လိုက်​​တော့ စိန်​ဆွဲကြိုး​လေး။
ကောင်​​လေးကသူ့လက်​ကို ကိုင်​ကာ နှစ်​ကိုယ်
ကြားရုံမျှ အသံနှင့်​ တည်​ငြိမ်​စွာ​ပြောလာသည်​။

"ကိုယ်​မင်းကိုချစ်​တယ်​ Yoona စ​တွေ့ကတည်း
ကချစ်​​နေခဲ့တာ မင်း​ရောကိုယ့်​ကို ပြန်​ချစ်​နိုင်
မလား"

လေဟာနယ်​ထဲ​ရောက်​သွားသလို သူ့တကိုယ်
လုံး ​ပေါ့ပါးသွားသည်။ကြယ်​တပွင့်​အလား
တောက်​ပ​နေသည့်​ ​ကောင်​​လေးမျက်​ဝန်းများက
သူ့ရင်​ထဲထိုး​ဖောက်​​နေသလို။
ပြီး​တော့ကြည်​နူးခြင်း​ပေပဲလား ပီတိတစ်​မျိုးကို
သူရရှိလိုက်​သည်​။ဒါအချစ်​​ပေပဲလား။
ဟုတ်​တာ​ပေါ့ ဒါအချစ်​​ပေါ့။
ဒါဆို Yuri။Yuriက​ရော။
Yoonaရဲ့ က​လေး​လေးက​ရော။
က​လေးကကြိုး​ပေါ့။သံ​ယောဇဉ်​ဆိုတဲ့ကြိုး။
ထိုကြိုးကိုသူ​ခေါင်းစဉ်​တပ်​မှားခဲ့တာ။
အချစ်​ဆိုတာ သူ့ရင်​ထဲမှာကြိုးတစ်​​ချောင်းပဲရှိခဲ့လို့ အဲ့ဒီ့ကြိုး​လေးကို သူလက်​လွှတ်​မခံနိုင်​ခဲ့
တာ။ခု​ဒီကြိုးက သူ့နှလုံးသား​လေးကို ရစ်​ပတ်
လိုက်​ပြီ​လေ။ကောင်​​လေးကမှ သူ့ရဲ့အချစ်​စစ်
ပေါ့။တကိုယ်​​ကောင်းဆန်​တဲ့အ​တွေးဆို​ပေ
မယ့်​ မှန်​​နေတာပဲ​လေ။
ဒါ​ပေမယ့်​ Yuriမှာ သူတစ်​​ယောက်​ပဲကျန်
တော့တာ​လေ။အို ခု​နေ​တော့ဒီတိုင်း​နေရုံပဲ
ပေါ့။နောက်​​တော့သူလဲ သူတကယ်​ချစ်​တဲ့သူ
တွေ့သွားပါလိမ့်​မယ်​။ပြိီး​တော့ သူ့အချစ်​ကို
ဘယ်​လိုယုံရမှာလဲ။Siwonနဲ့လဲဘယ်​အဆင့်
တွေ​တောင်​ ​ရောက်​ခဲ့ပြီမှန်းမသိဘူး။
မဟုတ်​တာ။Yuriကအဲ့​လောက်​​အောက်​တန်း
မကျ ပါဘူး။မာနလဲရှိတယ်​။
မာနရှိလို့ပဲ သူ​ပေးတဲ့အကူအညီမယူခဲ့တာ
မလား။
ဟာ Yuriကသူ့ကိုတကယ်​မချစ်​ပါဘူး။
သူ့​အ​ပေါ်လုပ်​ချင်​တိုင်းလုပ်​လို့ရ​နေလို့ တွယ်
ကပ်​​နေတာ။အမ်​ အမှန်​ဆိုရင်​​တော့ သူကပဲ
Yuriကို တွယ်​ကပ်​​နေတာပါ။
ထားပါ​တော့။အခုသူ အချစ်​စစ်​ကို​တွေ့ပြီ​လေ။
မျှော့်​လင့်​ချက်​​ရောင်​ခြည်​​တွေသန်း​နေတဲ့ 
ကောင်​​လေးမျက်​လုံးကို စိုက်​ကြည့်​လိုက်​ပြီး
ပြုံးပြလိုက်​သည်​။

ကြိုးWhere stories live. Discover now