Extra_1

23.8K 1.2K 149
                                    

Destiny
Extra _ 1

ညီမင်းယံ ညဖက် လိုင်းသုံးနေရင်း group chat တွေ လူစုံနေသည် ။ မနက်ဖြန် သင်္ကြန် လည်ဖို့ plan ဆွဲနေကြသည် ။

ဝက်မ   : ဟေး ယူတို့ မနက်ဖြန် ကဲမယ်နော်
မင်းညံ  : ငါဘယ်တုန်းက လိုက်လို့လဲ !
သန့်စင် : ဦးသာ ပါခေါ်ခဲ့လို့ရလား ?
ဝက်မ   : ဟိဟိ ခေါ်လာခဲ့လေ   ☻☻        ရေပက်ခံထွက်ရင်း BL ကြည့်ရတာပေါ့ 😎
သန့်စင် : မသာမ #/@*@(!( 😠👊👊
ဝက်မ   : ဟိုအကောင်ရေ သေပြီလား မလိုက်ရင် သေမယ်နော် 😈😈
မင်းယံ  : ကျွတ်စ် နေကပူနဲ့ ပျင်းတယ် 😑
သန့်စင်  : သူတောင်းဇား ကားနဲ့
သွားမှာလေ 😕😕
မင်းယံ  : အိမ်ထဲက အိမ်ပြင်ကို မထွက်ချင်ဖူး 😌😌
ဝက်မ  : နေပစေ သန့်စင် လွှတ်ထားလိုက် အဲ့ကောင်ကို 😒😒 ငါ့တာဝန်ထားလိုက် အဟင်းဟင်း 🌝🌝
မင်းယံ  : အိပ်ပြီ 😪
သန့်စင် : ကြွကြွ 😏 ဒါနဲ့ ခြည် သိလား 🙄
ဝက်မ   : အေးပြော ဘာလဲ  👀
သန့်စင်  : ငါအခု ဦးသာရင်ခွင်ထဲကနေ လိုင်းသုံးနေတာ 😐😐
ဝက်မ  : အားးးးးးးးး !!!!!! ငါသေပြီ !!!

ကျွန်တော့်သူငယ်ချင်းတွေကတော့ တကယ်မနိုင်ဘူး ။ ကျွန်တော်ကတော့ သင်္ကြန်ဆို လည်လေ့မရှိဖူး ။ မလည်ဆို ပျင်းတာကိုး နေကလည်းပူနဲ့ ။

အခုတောင် ထိုင်နေရင်း ရေဆာနေတာကို ထသောက်ရမှာ ပျင်းလို့ ရေငတ်ခံပြီး ဆက်ထိုင်နေသည် ။ ညီမင်းယံဆိုသည်မှာ ထိုကဲ့သို့ အပျင်းကြီးသော လူသား ။

》》》》》》

"Stay With Me "

မနက်စောစောစီးစီး အိပ်ကောင်းနေပြီဆို ဘယ်က ကလေကချေတွေ ဖုန်းဆက်မှန်းမသိဘူး ။ အိပ်နေတဲ့အချိန် နိုးအောင်လုပ်တဲ့သူက ကျွန်တော့်ရန်သူ ။

"ပြော ဘယ်က အကောင်လဲ ! ဒါ လူအိပ်ချိန်ဆိုတာ နားမလည်ဘူးလား "

ဖုန်းကိုင်လို့ ဟယ်လိုတောင် မပြောရသေး တစ်ဖက်က ခပ်ကျယ်ကျယ် ရန်တွေ့သံက အရင်ထွက်လာသည် ။ သေချာသည် ညီမင်းယံ ခုထိ အိပ်ယာနိုးသေးပုံမပေါ် ။

"မင်းလင် ရှိန်းထက်နိုင် "
"အာ ရှိန်း ! အင်း ပြော "
"မထသေးဘူးလား ညီရာ "
"ညက I am not robot ကြည့်လိုက်တာ ၄ နာရီမှ အိပ်ဖြစ်တယ် "
"စောစောထရမှာကို အဲ့အချိန်ထိ ကြည့်စရာလား "
"ရှိန်းကလည်း ပိတ်ရက်လေး အေးဆေး အိပ်ရတာကို "

Destiny Where stories live. Discover now