30.

9.6K 790 2
                                    

Destiny
Ep_30

"တီတီ တီတီ "

အိပ်နေရင်း အိပ်မက်လိုလို ဘာလိုလို အသံတစ်ခုကြားနေရသည် ။

"ညီမင်းယံ ! ထစမ်း "

မွေးသမိခင်ရဲ့ လော်စပီကာမလိုတဲ့ နှိုးသံကြားတော့မှ အနည်းငယ်နိုးလာသယောင်ရှိသည် ။

"နှိုးစက်တွေထား ပြီးရင် တစ်အိမ်လုံးသာ နိုးသွားမယ် ဒင်းက သေရာကကို မထဘူး "

အမေ့ရဲ့သာယာသံလေးက ဆက်လက်ထွက်ပေါ်နေသည် ။
သို့သော် မျက်လုံးကဖွင့်မရသေး ။

"တင်းတောင် "

ဘလ်သံတစ်ခုကြောင့် အခန်းထဲ ထွက်သွားသောခြေသံတစ်ခုလား ??
မသိ ။ ညီမင်းယံ အိပ်နေရင် ဘယ်အရာမှ သဲသဲကွဲကွဲမသိ ။ အရမ်းအိပ်ချင်နေရင် အိမ်မီးလောင်နေတောင် ထဖို့စိတ်ကူးမရှိ ။
အိပ်နေရင် ငလျှင်လှုပ်တုန်းကလည်း မသိလိုက် နာဂစ်ဖြစ်တုန်းကလည်းမသိလိုက်။
အမေ့ရဲ့နှိုးသံတွေဆက်မကြားရတော့ ပြန်အိပ်ပျော်သွားသည် ။

"ညီ "

အိပ်မက်ထဲမှာ ကျွန်တော့်ရဲ့ရှိန်းက ကျွန်တော့်ကိုပြုံးပြီး ခေါ်နေသည် ။

"ညီ ! "

စိတ်မရှည်ဟန် ခပ်ဆတ်ဆတ်ခေါ်လိုက်တဲ့အသံကြောင့် ပျော်ပြီး ရှိန်းကို ခုန်ဖက်လိုက်သည် ။

"ဒုန်း "
"အားးး "

အိပ်မက်ထဲမှာသာယာတာ လွန်သွားပြီး ကုတင်ပေါ်က ပြုတ်ကျသည့် ညီမင်းယံ ။
နာသွားတဲ့ ကိုယ်ကို အသာယာပုတ်ပြီး ပြန်ထရသည် ။ သို့သော် ခုထိ မျက်လုံးက ဖွင့်မရသေး ။ ညက အိပ်တာ အတော်လေးနောက်ကျသည် ။

"ဟားဟား "

ခပ်ကျယ်ကျယ်ရယ်သံကြောင့် မော့ကြည့်လိုက်တော့ ...

"အားးးး ရှိန်းးး !!!! "

ကျွန်တော့်ကိုမြင်မှ သရဲတွေ့တဲ့အတိုင်းလန့်သွားသည့် ညီ့ပုံစံက ပိုပြီးရယ်စရာကောင်းနေသည် ။
အိပ်ချင်မူးတူးပုံစံလေးက အသည်းယားဖို့ကောင်းသည်။
ကျွန်တော့်ကို ရယ်အောင်လုပ်နိုင်တဲ့ တစ်ဦးတည်းသော ဂြိုလ်သားလေး ။

"ထင်သားဘဲ ညီရာ ကိုယ့်ကို ချိန်းထားပြီး အိပ်ယာက မထဘူးဆိုတာ "
"ရှိန်းကလည်း ... ဟင်အိုမားနဲ့တွေ့ခဲ့လား "
"ယောက္ခမကြီးက အရမ်းသဘောကောင်းတာဘဲ ညီရဲ့ အဲ့အကောင် အပေါ်မှာ သေနေတယ်သားရယ် နှိုးမရဘူး တတ်သာသွားလိုက်တော့တဲ့ "
"ဘာ! ပိုင်စိုးပိုင်နင်း ဘာယောက္ခမကြီးလဲ "
"ဟားဟား "

Destiny Where stories live. Discover now