19.

9.9K 903 24
                                    

Destiny
Ep_19

ညီမင်းယံ ခါးသက်သက်ဘီယာလက်ကျန်ကို မော့ရင်း လူရှင်းတဲ့ဘက် ထွက်လာခဲ့သည် ။ ရှိန်းကတော့ ဖုန်းပြောရာကနေ  ပြန်မလာသေး....

နာကျင်မှုတွေဆက်တိုက်ပေးတဲ့ ချစ်ရသူကို မုန်းမရနိုင်သည့် အဖြစ်က ဆိုးရွားလှသည်။
ကိုယ့်ကိုယ်ကို မုန်းမိသည် ။ တော်တော်လေးသောက်ထားသည်မို့ ကမ္ဘာကြီးက လည်နေသကဲ့ပင်ဖြစ်နေသည်။

မျက်စိမှိတ်ပြီး လျော့တိလျော့ရဲ လျှောက်နေရင်း ရှိန်း အော်သံ တစ်ခုကြားလိုက်ရသည် ။
လန့်ဖြန့်ပြီး လှည့်ကြည့်ရင်း ရေတွေနဲ့ ခြေချော်ကျသွားသည် ။

"ဗွမ်း "
"ညီ !!! "

ရေထဲမြုပ်သွားတော့မှ ကျွန်တော်သတိထားမိသည် ။

ဩော် ငါ ရေကူးကန်နားမှာ လျှောက်နေမိတာပါလား ....

"ဗွမ်း "

ရေထဲသို့ တစ်ခုခုပြုတ်ကျတဲ့ အသံ ...

"ဖလူး... ဖလူး .... ဖွီးး ..."

အင် ရှိန်း .. ကျွန်တော့်ရဲ့ ရှိန်း ...။
ရုပ်ရှင်တွေထဲကလို မင်းသားစတိုလ်နဲ့ ပြေးဆင်းပြီး ကယ်တဲ့ ကျွန်တော်ရဲ့ ရှိန်း ..
တစ်ခုဘဲ.... ဆင်းကယ်တဲ့ သူကရေနစ်နေခြင်း ။

ရေထဲမှာ ရှိန်းရှိရာကို ကူးသွားပြီး ခါးကနေပွေ့ကာ ဆွဲခေါ်သွားရသည် ။
သူ့ကိုယ်လုံးကြီး မနိုင့်တနိုင့် ရေကူးကန်ဘောင်ပေါ်မတင်ရသည် ။

ကြည့်လိုက်တော့ ဇာတ်ကားတွေထဲအတိုင်းမေ့နေပုံရသည်။
ဒါဆိုရင် ကျွန်တော် ညီမင်းယံလည်း ကိုရီးယားဆန်ရတော့မည် ...

ကြည့်ထားတဲ့ ကားတွေထဲကလို ရင်ဖက်ကို ဖိသည် ။

"ဖလူး "

ရေတွေတော့ထွက်လာပြီ ။
အင်း နောက်တဆင့်က  ...
ပါးစပ်ချင်းတေ့ပြီး လေတွေမှုတ်ပေးရမည် ။
အလုပ်ဖြစ်မဖြစ်တော့ မကြုံဘူးလို့မသိ ။
ဒါပေမယ့် စမ်းကြည့်ရမည်လေ ...

အသက်ကယ်ရမယ် ညီမင်းယံ စိတ်ထိန်းစမ်း !

ရေတွေနဲ့ ကပ်နေတဲ့ အင်္ကျီ ....
ရွှဲစိုနေတဲ့ ဆံပင်တွေ ....

ကျွန်တော် ငုံ့လိုက်တော့ အနီးကပ်မြင်လိုက်ရတဲ့ နှုတ်ခမ်းလွှာ ...
ရေစက်တွေနဲ့ မေးရိုး ...
သွေးကြောစိမ်းတွေနဲ့ လည်တိုင် ...

Destiny Where stories live. Discover now