40. Final

21.3K 908 50
                                    

Deatiny
Ep_40 ( final )
[ ဒီတစ်ခါတော့ အေပရယ်ဖူးမဟုတ်ပါ ]

လွမ်းတယ် .... တကယ်တော့ လွမ်းတယ်ဆိုတာက ၂ လုံးတည်းရယ် ဒါပေမယ့် ဘယ်လောက်ထိ ခံစားရခက်လည်း ခံစားဖူးတဲ့သူဘဲသိတယ်။

တွေ့ချင်နေပေမယ့် ချက်ချင်းသွားတွေ့ဖို့လည်း မဖြစ်နိုင် ။
သူ့မျက်နှာလေးမြင်ယောင်မိရင်း ပြုံးမိနေရုံသာ တတ်နိုင်သည့် ဘဝ ။
သူနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ သေးသေးမွှားမွှားလေး တွေ့ရင်ကို သတိရမိနေတာမျိုး ။

သွားရင်းလာရင်း ရှပ်အင်္ကျီလက်ရှည်ကို သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့သူမြင်တော့ ကျွန်တော့်အာရုံထဲ ပေါ်လာသည့်သူက တစ်ယောက်တည်း ...

"သာ ...ဦးသာ ...နေမင်းထက်သာ ဆိုတဲ့ ဦးလေးကြီး "

ကျွန်တော်က လွမ်းနေသလောက် ထိုလူကြီးကတော့ ဖုန်းတစ်ချက်တောင်မဆက် ။

ကိုယ်က ပြင်းပြင်းပြပြ သတိရနေရင် အမှတ်မထင်တွေ့ဆုံနိုင်တာမျိုးဆိုတာ ဇာတ်လမ်းတွေထဲမှာသာ ရှိသည် ။
လက်တွေ့ဘဝတွင်တော့ လွမ်းရုံသာတတ်နိုင်သည် ။

"လဒ ! မှိုင်လှချည်လား "
"အေးပေါ့ မင်းက မင်းချစ်ချစ်ကြီးနဲ့ကိုး "
"လင်းစမ်းပါဦး မင်းနဲ့ ဟိုအစ်ကိုအကြောင်းလေး "
"တော်ကွာ အဲ့လူကြီးအကြောင်းကြားကိုမကြားချင်ဘူး"
"ရန်ဖြစ်ထားကြတာလား "
"မသိဘူးကွာ စိတ်တိုတယ် တွေ့မယ် ပြန်လို့ကတော့ မှတ်လောက်သားလောက်အောင် ၃ လ လောက် စကားမပြောဘဲ ပစ်ထားဦးမယ် "
"ဟားဟား ပေါက်တကရတွေ မင်းလူကြီးက ပြန်ရမှာ မဟုတ်ဖူးလား "

ပြန်ရမှာ ?ဟုတ်သားဘဲ ကျွန်တော်မတွေးခဲ့မိဘူး ။ ဦးသာ အလုပ်ကိစ္စတွေရှိဦးမှာဘဲ ။ ရှေ့ရေးကို ကြိုတွေးရင် ရင်လေးတယ် ။ ကံတရားက သာ နဲ့ ကျွန်တော့်ကို ခွဲခဲ့ဖူးတယ် .... ထပ်ခွဲရင်ရော ?

ဟင့်အင်း  သာ က ကျွန်တော့်အပိုင် ။ ငယ်ငယ်ကတည်းက သာ့အတွက် ကျွန်တော် တစ်ယောက်တည်းရှိခဲ့သလို ကျွန်တော့်အတွက်လည်း သာ တစ်ယောက်တည်းရှိသည် ။

"ဆင်းမယ် ကလေးတွေ "
"ဟုတ်ကဲ့ "

ဆရာမ အသံကြောင့် အတွေးကမ္ဘာထဲက ကမမ်းကတမ်းပြန်ထွက်ခဲ့ရသည် ။

Destiny Where stories live. Discover now