1.

34.5K 1.7K 72
                                    

Destiny !
Ep_1

"ညီမင်းယံ မရောက်သေးဘူးလား ! "

"ဒီမှာ ဒီမှာ ရောက်ပြီ ဟီး "

"ညီမင်းယံတို့တော့ ဘာမဆို အမြဲကို နောက်ကျနေတာပဲနော် စောတယ်ရယ်လို့ကို မရှိတာ"

"အိပ်ယာထနောက်ကျသွားလို့ပါ"

"ကဲကဲ ထားတော့ လူစုံပြီဆိုရင် အကစတိုက်မယ် "

"ဟုတ် အစ်မ "

ဒီနေ့က ရီဟာဇယ်နေ့ .....

ပြောရမယ်ဆို ဆရာကတော့ပွဲနေ့  ဖျော်ဖြေရေး အစီအစဉ်တွေ အတွက်  ရီဟာဇယ်လုပ်ရန် ဖြစ်သည် ။

လေ့ကျင့်ဖို့ ဟောခန်းမှာ မနက် ၉ နာရီ အရောက် လူစုခိုင်းထားသည် ။  ညီမင်းယံကတော့ ထုံးစံအတိုင်း နာရီဝက်လောက် နောက်ကျနေသဖြင့် စီနီယာအစ်မအား သွားဖြဲပြီး မျက်နှာချိုသွေးနေရသည် ....။

အက ၄ ခါလောက်ပြန်တိုက်ကြပြီး...

"ကဲကဲ ခဏ နားကြမယ် ပြီးရင် စင်ပေါ်တတ်ပြီးလေ့ကျင့်ကြမယ် "

"ဟုတ်ကဲ့"

》》》》》》》》》》》》》》》

ကျွန်တော်နှင့်  ကျွန်တော့် သူငယ်ချင်း ထိုင်နေရင်း  ကောင်မလေး တစ်ယောက်ကို  တွေ့လိုက်သည် ။

ရွှေရောင် ဆံနွယ်လေးတွေက အခွေလေးတွေလိုက် ပခုံးထက် ဝဲကျနေသည် ။ မျက်နှာက မိတ်ကပ်တော့ မလိမ်းထား။ မျက်ခုံး နက်နက် ခပ်ထူထူ အသားညိုညိုဖြင့် မျက်လုံးကလည်း တော်တော်စူးရှသည် ။

"ဝိုးးးး ချောလိုက်တာ လှလိုက်တာဟာ ကြွေပြီ တကယ်ကြွေပြီ အားးး ချစ်စရာလေး "

"ညီမင်းယံ ရူးသွားတာလား ? "

"ဟိုမှာကြည့်စမ်း ! တွေ့လား ကောင်မလေးက တော်တော် ချစ်ဖို့ကောင်းတယ်ကွ အင်နိုးဆန့်ပုံစံမျိုးလေး "

"ဟေ့ကောင် ညီမင်းယံ ! သိပ်ငမ်းကြောထမနေနဲ့ ဟိုမှာကြည့်ဦး မင်းဟာမလေးက ပုဆိုးကြီးနဲ့ကွ "

"အင်"

ကျွန်တော် တကယ်ကြီးနင်သွားသည် ။

ဘယ့်နှယ့်ဗျာ တစ်သက်နဲ့ တစ်ကိုယ် ရင်ခုန်မိတာကြီးက အထီးတဲ့လား ?

Destiny Where stories live. Discover now