12.

10.7K 1K 22
                                    

Destiny
Ep_12

မှောင်နေသောအခန်းထဲမှာမို့ အရာရာတိတ်ဆိတ်နေသည် ။ အသက်ရှုသံတွေအတိုင်းသား
ကြားနေရသည် .....။

ရှိန်းထက်နိုင် နီးကပ်စွာရှိနေသော ညီမင်းယံ စိုက်ကြည့်နေမိသည် ....
အကြောက်အကြောက်အလန့်လန့် နှုတ်ခမ်းကို အမြန်ခွာ မိသည် ။
ပုံမှန်ဆို မတော်တဆထိမိလို့ မြန်မြန်လူချင်းခွာလိုက်သင့်သည် ၃ စက္ကန့်ထက်မပိုသင့် ။ ရှိန်းထက်နိုင် ဘာကြောင့် အဲ့လော် ၁၀ စက္ကန့်လောက်ထိ နှုတ်ခမ်းကို မခွာနိုင်ဖြစ်နေခဲ့သည်ကို ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်နိုင် ။
ခုထိလည်း ထိုကောင်လေးအပေါ်က မခွာရသေး ...

ရှိန်း ... ကျွန်တော့်ကိုစိုက်ကြည့်နေသည် ။
အလင်းရောင်မှုန်ပြပြအောက်မှာ အရောင်လဲ့နေသော ရှိန်းရဲ့ မျက်ဝန်းတွေကို အကြည့်မလွှဲမိ ။ ရှိန်းက နှုတ်ခမ်းချင်းခွာလိုက်ပြီး ကြောင်ကြည့်နေသည် ....
ကျွန်တော့်ကို ရူးအောင်ပြုစားနေတာလား?
ဒီလိုအခြေအနေမျိုးမှာ ကျွန်တော့်သမာဓိအားကို စမ်းသပ်နေတာလား ။ ရှိန်းရဲ့ ကိုယ်သင်းရနံ့လေးတွေ ရှိန်းရဲ့ ရှုထုတ်လိုက်တဲ့ ထွက်လေ ငွေ့ငွေ့လေးတွေ
ကျွန်တော်အိပ်မက်တစ်ခုမက်နေမိသည်ထင်ပါရဲ့ ။

"ဟို ... မင်းအိမ်ရောက်ပြီဆိုတာ ငါသွားပြီ "

ဝုန်းဆို ထ ရပ်လိုက်ပြီး အဲ့တစ်ခွန်းသာပြောပြီး ထွက်သွားတာက ရှိန်း ... ကျွန်တော့်ရဲ့ ရှိန်း ...

အမှောင်ထဲမှာ ကျောခိုင်းသွားတဲ့ နောက်ကျောလေးကို ငေးရင်း ....
ဒီညတော့ ညီမင်းယံတစ်ယောက်တည်း ကမ္ဘာပျက်ရတော့မည် ။ ပျော်ရွှင်ကြည်နူးမှုတွေရယ် .......
ဝမ်းနည်းလွမ်းဆွတ်မှုတွေရယ် ......

"ရှိန်း ဒေါသထွက်သွားတာလား? "

မဟုတ်သေးပါဘူး ကျွန်တော့်ကို တွဲထားတဲ့ သူ့ဘာသာ ခလုတ်တိုက်ပြီး ပြုတ်ကျတာလေ !
ကျွန်တော့်အပြစ်တော့ မရှိပါဘူး ။

》》》》》》》》》》》》》》》》

ရှိန်းထက်နိုင် အိမ်ကိုဘယ်ပုံဘယ်နည်းနဲ့
ပြန်ရောက်လာသည်မသိ ။ ခေါင်းတွေရှုပ်နေသည် ...မူးနောက်နေသည်
ဒေါသလည်းထွက်နေသည် ။ စိတ်လည်းတိုနေသည် ။
ကိုယ့်ဘာသာ ပြုတ်ကျတာမို့ ဘယ်သူ့ကိုမှဒေါသထွက်မရတာမို့ ပိုစိတ်တိုသည် ။

Destiny Where stories live. Discover now