6.

11.9K 1.1K 30
                                    

Destiny
Ep_6

ရှိန်းထက်နိုင် အထဲဝင်လာတော့ ညီမင်းယံ တစ်ယောက် တင်ပျဉ်ခွေ ထိုင်နေသည် ။
သူလာတာကို သိရဲ့သားနဲ့ မော့မကြည့် ။
သေချာကြည့်မိတော့ ..... မျက်နှာက တော်တော်လေး နီရဲနေသည် ။

တိတ်ဆိတ်မှုက ကြီးဆိုးနေပြီး  ညီမင်းယံ ရင်ထဲတွင် တစ်ယောက်တည်း ကမ္ဘာ ပျက်နေသည် ။ ဘာလုပ်ရမှန်း မသိတာနဲ့ ဂိမ်းထိုင်ဆော့နေရသည် ။

ဂိမ်းထဲကို အာရုံစိုက်ထားရရင်းနဲ့ မသိမသာလေး မျက်လုံးလှန်ကြည့်မိတော့ ....

ရှိန်းက နံရံကို မှီပြီး ထိုင်နေသည် ။  ခြေထောက်တစ်ချောင်းကို ဆင်းထားပြီး နောက်တစ်ချောင်းကို ဒူးထောင်ထားသည် ။

အနက်ရောင် အင်္ကျီကို ကြယ်သီး ၂ လုံးဖြုတ်ထားသည်မို့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိသည် ။

လက်ထဲက ဆေးလိပ်ကို နှုတ်ခမ်းမှာတေ့ပြီး
အငွေ့တွေ ပြန်မှုတ်ထုတ်လိုက်ပုံက အထာကျလွန်းသည် ။

ဆေးလိပ်ငွေ့တွေကြားထဲက သူ့ပုံရိပ်က ညီမင်းယံကို ယစ်မူးစေသည် ။ ကံကြမ္မာကို ကြိုမြင်နိုင်လည်း အကောင်းသား ။ အနာဂတ်မှာ ကိုယ်နဲ့သူရဲ့ ကံတရားကို သိပ်သိချင်သည် ။

ပေါင်းဖက်နိုင်ချေမရှိသည့် ဆုံဆည်းမှုမျိုးကို မုန်းမိသည် ။ ကြည့်ခွင့်ရတုန်းတော့ ငေးကြည့်ထားချင်မိသည် ။

ရှိန်းထက်နိုင် မျက်လုံးထောင့်ကနေ ညီမင်းယံ ငေးကြည့်နေတာကို သိသည် ။

ဆေးလိပ် သောက်တာပဲ ထူးဆန်းနေလို့များလား ဆေးလိပ်သောက်တဲ့လူ မမြင်ဖူးလို့လား ?

"အဟွတ် အဟွတ် အဟွတ် "

Feel  တာတောင် ကောင်းကောင်းမ feel လိုက်ရ ! ဆေးလိပ်ငွေ့တွေက ညီမင်းယံ နှာခေါင်းထဲ ဝင်လာလေသည် ။
မုန်းသည် ဆေးလိပ်နံ့ကို သိပ်မုန်းသည် ။

ဆေးလိပ်သောက်နေသည့် သူ့ကို အမြင်ကတ်လွန်းလို့ ထ ရိုက်ချင်သည် ။

ဒါပေမယ့်လည်း .... ကျွန်တော် ဆေးလိပ်ကို မုန်းပေမယ့် သောက်နေသည့် သူက ချစ်ရသူ ဖြစ်နေတော့လည်း အပြစ်မတင်ရက် ။

Destiny Where stories live. Discover now