37.

8.1K 721 4
                                    

Destiny
Ep_ 37

အတိတ်ကအကြောင်းတွေ ပြန်တွေးမိတော့ ရင်ဖက်က အောင့်လာရပြန်သည် ။

" အဲ့တုန်းက ဘာလို့ USA သွားရတာလဲ "
" အဖေဆုံးလို့ အဖေ နှလုံးရောဂါနဲ့ ဆုံးသွားတော့ မသွားမဖြစ်လို့ သွားရတာပါ"
"ဗျာ "

ဦးသာ ရဲ့ အဖေဆုံးလို့တဲ့လား ။ ဟာဗျာ ကျွန်တော်အဲ့တာကိုတောင် မသိဘဲ ဂျီတိုက်ပြီး ဦးသာကို စိတ်ဆင်းရဲအောင်လုပ်ခဲ့သည်တဲ့လား။

"တောင်းပန်ပါတယ် ဘာမှမသိဘဲ ဆိုးခဲ့မိလို့"
"မဟုတ်တာ ချာတိတ်က အဲ့တုန်းက အရမ်းငယ်သေးတာကို "
"အင်း "
"မင်းသာငါ့ကြောင့် ယဉ်တိုက်မှုဖြစ်ပြီး အတိတ်မေ့သွားတာ တောင်းပန်ရမယ့်သူက ငါပါ တကယ်အပြစ်ရှိတာက ငါ အရာအားလုံး ငါ့ကြောင့် "
"အဲ့တာလည်း ကျွန်တော် ကိုယ့်ဘာသာ ဇွတ်ပြေးသွားမိလို့ပါ ကျွန်တော့်အပြစ်နဲ့ ကျွန်တော်ပါ သာ့ကြောင့်မဟုတ်ဘူး "

သာ ကျွန်တော့ဘဝထဲက ထွက်သွားမယ်ဆိုတဲ့အသိ....
ကျွန်တော့်ကို သာ ထားသွားတယ် ဆိုတဲ့ အသိကြောင့် ဘာမှမစဉ်းစားနိုင်တော့တဲ့ဘဲ  မိုက်ရူးရဲဆန်စွာ ပြေးထွက်သွားခဲ့သည် ။

ကံမကောင်းချင်တော့ ဘရိတ်မမိတဲ့ ကားက ရှေ့တည့်တည့် ။

"ဝုန်း "

အသည်းတွေပဲ့ကြွေသွားရလောက်အောင် နာကျင်မှုကို ခံစားလိုက်ရသည် ။ တစ်စုံတစ်ခုနဲ့ ပြင်းထန်စွာ ရိုက်မိပြီး လဲကျသွားသည် ။

"ချာတိတ် "

ကျွန်တော်အချစ်ရဆုံးသူရဲ့ စိတ်ပူတကြီးအော်ဟစ်သံတွေက မကြားတစ်ချက်ကြားတစ်ချက် ။
အတင်းကြိတ်မှိတ်ပြီး မျက်လုံးဖွင့်ကြည့်တော့ သာ ကျွန်တော့်ကိုပွေ့ထားသည် ။

"သာ့ ကိုချစ်တယ် ကျွန်တော့်ဘဝမှာ ဖေဖေမေမေပြီးရင် သာ့ကို အချစ်ဆုံး သာ ကျွန်တော့်ကို ထားမသွားပါနဲ့နော် "

သာ မထားခဲ့အောင် ကလေးအတွေးနဲ့ ရင်ထဲရှိသမျှပြောခဲ့သည် ။ တကယ်ဆိုရင် မဖြစ်မနေသွားရမည် သာ က ပိုပြီး စိတ်ထိခိုက်နေမှာ အမှန်ပင် ။ အဖေဆုံးသွားလို့ ကြေကွဲနေမည့်သူကို ကျွန်တော်ကပါ ထပ်ပြီး ဆိုးခဲ့သည် ။
တကယ်ဆို ထားခဲ့ရမည့် သူက ပိုပြီး နာကျင်နေမည်ကို သိခဲ့သင့်သည် ။

Destiny Where stories live. Discover now