26.

10.2K 933 24
                                    

Destiny
Ep_26

" ရှိန်းထက်နိုင် ဒါကဘယ်လဲ "

ပြန်မဖြေနိုင်တော့ ...
ညီ့ရဲ့ My day တွေ မြင်ပြီး လပြည့်ဝန်းသို့ အပြေးအလွှားသွားရသည် ။

ညီ့ရဲ့ တစ်နေ့ ၁၅ ခုလောက်တင်နေတဲ့ my day တွေကို ကျွန်တော်တောင် အကုန်ဝင်မကြည့်နိုင် ။
ဒါပေမယ့် ဒီနေ့ ကျွန်တော့်ကို အတင်းလာခိုင်းပြီးတော့ သူကပျောက်နေတာမို့ my day မှာ ရှာမိသည် ။

ခေါက်ဆွဲပြုတ်စားတာကအစ အသေးစိတ် တင်တတ်သောကြောင့် ညီဘယ်မှာလဲ သိချင်ရင် my day သာ ဝင်ကြည့်ရုံဘဲ ။

အားး ခေါင်းတွေမူးလိုက်တာ !

နေမကောင်းပေမယ့်လည်း ချစ်ရသူများလာမလား ဆိုတဲ့ အသိစိတ်လေးကြောင့် ကျောင်းသို့ ချီတတ် 😑😑

ဖာခ့် မသာကြီး ယွနေတယ် မီဝေါ့ဟာ 😒😒

ဘောဘဲ အေးဆေးမနေဘူး စောင်အမူးသမားတွေ နေမကောင်းတဲ့လူကို တစ်ကိုယ်လုံးရွှဲအောင်လောင်းရသလား နေသာကောင်းလို့ကတော့ သောက်နေတဲ့ စတင်းအနီပုလင်းနဲ့ ထရိုက်တယ် ! 😡😡

Down ထားတဲ့ကားတွေထိုင်ကြည့်နေရတာ ပျင်းလိုက်တာ ခေါင်းတွေလည်း မူးနေပြီ မနက် ၄ နာရီမှ အိပ်ပြီး ၅ နာရီ ထခဲ့ရတာကို 😕😕

အဝါရောင်တွေနဲ့ တင်ထားတဲ့ my day ပေါင်းစုံ !

မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ အမောတကော သွားရသည် ။

》》》》》》》》》》》》》》》》

လပြည့်ဝန်းထဲ ရောက်သည်နှင့်မြင်လိုက်ရသည့်မြင်ကွင်းက .....

လွယ်အိတ်ပုံတွေကြားထဲ စားပွဲပေါ်ခေါင်းတင်ပြီး အိပ်ပျော်နေတဲ့ညီ ။
သောက်လက်စ စတင်းအနီနဲ့ စာထားတဲ့ ပန်းကန်တွေက မနည်းမနော ။
ပါးစပ်လေးဟပြီး သွားရည်တွေပါကျနေသည် ။
နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်တွေဆီလက်လှမ်းလိုက်မိသည် ။

"ဟာ ပူကျစ်နေတာဘဲ ဒီလောက်ဖျားနေတာကိုကွာ ညီရာ မင်းလေး တော်တော်ဆိုးတယ် "

ညီ့ဖုန်းယူလိုက်တော့ password ခံထားသည်။ lock screen က ကျွန်တော့်ရဲ့ လက်ပုံမြင်တာနဲ့ ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ကျွန်တော့်မွေးနေ့ကိုသာ ရိုက်လိုက်သည် ။

Destiny Where stories live. Discover now