15.

10.2K 961 26
                                    

Destiny
Ep_15

ကျွန်တော်နဲ့ သန့်စင် ဓာတ်လှေကားထဲဝင်လိုက်သည် ။္ဓဓာတ်လှေကားက နှစ်ဖက်ပွင့် ပုံစံ ။
ကလပ်ရှိတဲ့ အထပ်လည်းရောက်ရော ဟိုဖက်ခြမ်းက တံခါးပွင့်သွားသည် ။
ကလပ်ထဲက လွင့်လာတဲ့ မြူးကြွကြွ သီချင်းသံတွေဆူညံနေသည် ။
မှုန်ပြပြ မီးရောင်အောက်မှာ ကျားမ မရွေး စည်းချက်ညီစွာ ကခုန်နေကြသည် ။

"ဟာ ဟေ့ကောင် ဘယ်ကို သွားမလို့စဉ်းစားနေတာလဲ "
"ကလပ်လေ "
"မရဘူး အပေါ်ထပ်အရင်သွားမယ် "
"ဟာကွာ "

သန့်စင်က တခြားသူတွေနဲ့အတူ ကလပ်ထဲလိုက်ဝင်ဖို့ ကြံနေတာမို့ လှမ်းဆွဲလိုက်သည် ။
ကျွန်တော့်ရဲ့ ရှိန်း ရှိတာက အပေါ်ထပ်က ဘီယာဆိုင်မှာလေ ...

"ရှိန်း "
"ဟင် ဘာကြီး "
"ဘာမှမဟုတ်ဘူး "

ဆိုင်ထဲဝင်လိုက်သည်နှင့် ချောင်ကျကျဝိုင်းတစ်ဝိုင်းမှာထိုင်နေတဲ့ ရှိန်းကိုတွေ့လိုက်ရသည် ။
ဘီယာကို စတိုလ်ကျကျမော့ရင်း စင်ပေါ်က ကောင်မလေးတွေကို ရီဝေဝေနဲ့ ကြည့်နေသည် ။ ပန်းကုံးသွားမစွပ်တာဘဲ ကျေးဇူးတင်ရမလို ...ထန်လိုိက်တာ ရှိန်းရာ!

"ရှိန်းထက်နိုင် "
"အေး"
"ဟိုမှာ ညီမင်းယံမှတ်လား "
"ဟင် ! "

ညီ ... ဟုတ်ပါသည် ညီမှညီအစစ်ပါ ။
ဒီကောင်လေး မနက်စောစောကျောင်းသွားရမှာကို ဘီယာဆိုင်မှာ လာပျော်ပါးနေတယ် !

ညီက ဆေးလိပ်တစ်လိပ်ကို လက်ညှိုးနဲ့ လက်ခလယ်ကြားမှာ ဟန်ပါပါညှပ်ထားပြီး
နှုတ်ခမ်းနားကို အသာအယာတေ့လိုက်သည်။
ဆေးလိပ်ငွေ့တွေကို ဆွဲဆောင်မှုရှိစွာ ရှိုက်လိုက်ပြီး ခပ်မိုက်မိုက်မှုတ်ထုတ်လိုက်သည်။
အငွေ့တွေကြားက ညီ့ပုံစံက နတ်သားတစ်ပါးအလား ။

အနက်ရောင်ရှပ်လက်ရှည်နဲ့ အနက်ရောင် စတိုလ်ပန်ဝတ်ထားတာမို့ ပိုပြီးခန့်ညားသည်လား ။
ကျစ်လျစ်သည့် ကိုယ်ဟန်အနေအထားက မိန်းကလေးတွေ ကြွေလောက်စရာ ။
ဆံပင်ကို ခါတိုင်းလို ဖြစ်ချင်တိုင်းဖြစ်ဆိုပြီး ချထားတာမဟုတ်ဘဲ ဂျယ်လ်နဲ့ သေချာ သပ်တင်ထားသည် ။ ခပ်ဝိုင်းဝိုင်းမျက်ဝန်းတွေက စူးရှနေသည်။

Destiny Where stories live. Discover now