32.

9.5K 765 2
                                    

Destiny
Ep_32

ည ၁၁ နာရီထိုးနေပြီ ဖြစ်သော်လည်း ချာတိတ်ဖုန်းကို ဆက်သွယ်၍မရ ။ အကြိမ်ပေါင်းများစွာ ဆက်နေသော်လည်း ဆက်ပိတ်ထားသည်ဟုသာ ဖြေသည် ။

နေမင်းထက်သာ စိတ်ပူလာသည် ။
ည ၇ နာရီကတည်းက စိတ်တိုပြီး ထွက်သွားတာ အရိပ်အယောင်တောင်မမြင်ရပေ ။

"ဘယ်တွေသွားနေတာလဲ ချာတိတ်ရာ "

အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်မှာလည်း ခေါင်းတွေပင်မူးနေပြီ ။ ဆက်တိုက်ခေါ်နေသော်လည်း ဖုန်းက ဆက်ပိတ်ထားဆဲ ။

ဒီနေ့တစ်နေကုန် ခိုင်းသမျှအပြုံးမပျက်လုပ်ပေးသော ချာတိတ် ။ တစ်ချက်လေးမညီးမညူ ။
ကျွန်တော်ပြန်မှာကို အဲ့လောက်ထိ ပျော်နေသည်။ ညရောက်မှ အရူးလုပ်ခံမှန်းသိတော့ သေလောက်အောင် ဒေါသထွက်သွားသည် ။

ချာတိတ်စိတ်တိုမည်ဆိုတာ သိသိကြီးနှင့်တမင်လုပ်ခဲ့ခြင်း ။ စိတ်တိုရင် ဒေါသထွက်နေတဲ့အမူအရာလေးက သိပ်ချစ်ဖို့ကောင်းသည် ။ ချာတိတ်ကို ဒေါသမထွက်ထွက်အောင် တမင်လိုက် စ နေရတာကို ပျော်သည် ။

ခုတော့ ရင်တွေပူနေရသည် ။
ဘယ်တွေသွားပြီး ဘာတွေဖြစ်နေလဲ မသိ ။
ခုမှ နောင်တရ၍လည်း မထူးတော့ပြီ ။
ပိတ်ထားတဲ့ ဖုန်းကိုသာ ထပ်ခါထပ်ခါခေါ်နေမိသည် ။

》》》》》》》》》》》

"ချီးယားစ် "

ဘယ်နှခွက်မြောက်မှန်းမသိ မော့ချလိုက်သည်။ ရင်ထဲမှာ ပူပြီးဝင်သွားသော ခပ်စူးစူးအရည်တစ်ချို့ ။
လည်ချောင်းတောက်လျှောက် ပူဆင်းသွားပြီး တစ်ခွက်သောက်လိုက်တိုင်း ခေါင်းထဲရိပ်ခနဲ ရိပ်ခနဲ ။

"ဟေ့ကောင် လဒ ! တော်တော့ မင်းများနေပြီ "
"ငါသောက်နိုင်ပါတယ်ကွာ "

အာလေးလျှာလေးနဲ့ ပြောလာသော ကိုယ့်သူငယ်ချင်းကို ကြည့်ရင်း ညီမင်းယံ အတော်လေးစိတ်ပျက်မိသည် ။
သေချာသည် ဒီကောင်မူးနေပြီ ။
သောက်ထားတာကလည်း နည်းနည်းနောနောမဟုတ် ။ ဒါ့အပြင် သူသောက်ထားတာ ဘီယာမဟုတ် ဝီစကီ ။

ဒီနေ့မှ ဘာဖြစ်လာသည်မသိ ။
ဒီကောင့် ကြည့်ရတာ ရောက်ကတည်းက စိတ်မကြည်ပုံရသည် ။

Destiny Where stories live. Discover now