7.

11.6K 1.1K 14
                                    

Destiny
Ep_7

ကျွန်တော် ညီ့ ကိုခေါ်လိုက်တော့ အံ့ဩသွားဟန် မျက်လုံးပြူးပြူးလေးတွေနဲ့ ပြန်ကြည့်သည် ။

"ညီ "

"ဗျာ ကျွန်တော့်ကိုခေါ်တာလား ဟုတ်ကဲ့ "

"ညီ တို့ အဖွဲ့ကို ကိုသူရခေါ်ခိုင်းလိုက်လို့ "

"ဗျာ ဟုတ်ကဲ့ "

"အင်း သွားတော့လေ "

"ဟုတ်ကဲ့ "

ဘယ့်နှယ့် မသွားသေးဘဲ ကြောင်တောင်တောင်လေး ရပ်ကြည့်နေသည် ။

ဘယ်လို ဟာလေးမှန်းကိုမသိဘူး !

"ခြည် "

"အေးပြော "

"ကြားလိုက်လား "

"မကြားဘူး "

"ငါအိပ်မက်မက်နေသလိုပဲ ခြည်ရာ "

"အရူးကောင် ! လာမြန်မြန်သွားမယ် ကိုသူရ စောင့်နေလိမ့်မယ် ခုနကလည်း ငုတ်တုတ် မေ့နေသလား ထင်ရတယ် "

" .... "

ပြန်ဖြေသံမကြားရလို့ ကြည့်လိုက်တော့ ...
ညီမင်းယံ ပြုံးပြုံးကြီးနဲ့ လိုက်လာသည် ။
ကျေနပ်ပြီး အရမ်းကို ကြည်နူးနေသည့်  အပြုံးမျိုးနဲ့ အိပ်မက်ထဲ လမ်းလျှောက်နေသည့် လူလိုမျိုး ။

ဒါလေးနဲ့ ဒီလောက်ထိ ပျော်သွားစရာလား မင်းယံရာ ။

"ကိုသူရ ခေါ်တယ်ဆိုလို့ "

"အင်း ညီမတို့ သီချင်းရွေးပြီးရင် နာမည်စာရင်း တစ်ခါတည်း ရေးလိုက် "

"ဟုတ်ကဲ့ "

"ဩော် ဒါနဲ့ မေဂျာ ဘောလုံးပွဲတွေ စတော့မှာနော် "

"ဟာ ပျော်စရာကြီး အားပေးရတော့မယ် "

"ပွဲချိန်အသေးစိတ်ကို အတန်းထဲမှာ လာပြောမယ် "

"ဟုတ် "

ညီမင်းယံ ကြိတ်ပြီး ဝမ်းသာသွားသည် ။
ဘောလုံးပွဲ အားပေးရမှာမို့ အပျော်လွန်နေသည်ထက် သူ လာအားပေးမလားဆိုသည့် အတွေးက ရင်တွေ ခုန်လာသည် ။

ရှိန်း ကို တွေ့ရရင် ပျော်နေတာကြောင့် ဖြစ်နိုင်ရင် ကျောင်းပွဲတွေ များများရှိစေချင်သည် ။

Destiny Where stories live. Discover now