တိတ်တခိုး-၂

3.8K 245 3
                                    

..."​ကျေနပ်​ရဲ့လားရှင့်​..."

ဆံပင်​ညှပ်​ဆိုင်​မှမိန်းက​လေး၏အသံ​ကြောင့်​မှန်​ထဲတွင်​​ပေါ်​နေ​သောသူ့ပုံရိပ်​ကိုသူပြန်​ကြည့်​မိသည်​။နဂိုကတုံးတိတိအုပ်​​ဆိုင်းဆိုင်းဖြစ်​​နေခဲ့​သောဆံပင်​တို့သည်​လှပ​သေသပ်​စွာနဖူးပြင်​တဝိုက်​ဝဲကျ​နေလျက်​ခဲ​ရောင်​​ဖျော့​ဖျော့ဆိုးထားသဖြင့်​ထိရက်​စရာမရှိ​အောင်​ဖြူဝင်း​သောအသားအရည်​နှင့်​လိုက်​ဖက်​စွာ...။မျက်​ကပ်​မှန်​၏အကူအညီမပါဘဲအရည်​လဲ့​နေ​သောမျက်​ဝန်းတစ်​စုံကခံစားချက်​မဲ့​နေလျက်​ရှိသည်​။သဘာဝအတိုင်းနီ​ထွေး​နေ​သောနှုတ်​ခမ်းတစုံကိုအသည်းပုံ​ပေါ်သည်​အထိခွက်​​နေ​အောင်​ပြုံးလိုက်​ရင်းတိုးညှင်းစွာ​ရေရွတ်​မိသည်​......။

"ကျွန်​​တော်​ကဘယ်​​နေရာမှာများခင်​ဗျားထက်​မသာသလဲပတ်​ခ်​ချန်း​ယောလ်​...."

******************************

မကျဉ်းမကျယ်​လှ​သောတိုက်​ခန်းအတွင်းဟိုတစ်​စဒီတစပြန့်​ကျဲ​နေ​သောပိုစတာတို့ကို​ခြေ​ထောက်ဖြင့်​​နင်း​ခြေရင်းဗီဒိုအံဆွဲထဲရှိဘဏ်​စာအုပ်​ကိုထုတ်​ယူလိုက်​သည်​။ဘဏ်​စာအုပ်​​ပေါ်တွင်​အဖြူ​ရောင်​စက္ကူ​လေးကပ်​ကာ​ရေးထား​သောစာတို့ကို​နောင်​တအလျဉ်းမရှိဘဲဆွဲဖြဲလိုက်​သည်​....။

#တက္ကသိုလ်​တက်​ရန်​....#

*******************************

"ဘာထူးလဲ...ဂျွန်​ဒယ်​..."

ဂျွန်​ဒယ်​ကသက်​ပြင်းချသည်​။အိမ်​သုံး​ဆေးဘူးကိုယူကာသူထိုင်​​နေ​သော​ဘေးတွင်​ထိုင်​ကာစိုးရိမ်​စွာ​ပြောသည်​။

"မင်းနှုတ်​ခမ်းကို​ဆေးထည့်​လိုက်​ဦးခုထိ​ရောင်​​နေတယ်​​တော်​​သေးတာကခုရက်​ပိုင်းrecording scheduleပဲရှိလို့...."

ဂျွန်​ဒယ်​ကသူ့အ​ပေါ်မန်​​နေဂျာတစ်​​ယောက်​ဂရုစိုက်​သင့်​တာထက်​ပိုဂရုစိုက်​သည်​။တကယ်​​တော့သူနှင့်​ဂျွန်​ဒယ်​သည်​ငယ်ငယ်​​တည်းကအတူကြီးပြင်းခဲ့​သောသူငယ်​ချင်း​တွေဆိုလည်းမမှား...။ဂျွန်​ဒယ့်​အ​ဖေကသူ့တို့စံအိမ်​၏အယုံကြည်​ရဆုံးအိမ်​​တော်​ထိန်းကြီးဖြစ်​၍ဂျွန်​ဒယ်​အရွယ်​​ရောက်​လာသည့်​အခါလည်းသူသွား​လေရာ​နောက်​တ​ကောက်​​ကောက်​လိုက်​ရင်းညီအစ်​ကို​တွေလိုသံ​ယောဇဉ်​ရှိကြသည်​...။သူ့မိဘများပင်​မသိ​သောအ​ကြောင်းအရာအားလုံးကိုအတွင်းကျကျသိထားသူမှာလည်းဂျွန်​ဒယ်​တစ်​​ယောက်​သာရှိသည်​...။

Unseen 「 completed 」Where stories live. Discover now