OST for this chapter,
2Bic 's "Heart"(I would like to highly recommend this song)💢💢💢💢💢💢💢💢💢💢💢💢
ဒိုဂျောင်ဆူးနေခဲ့သည့်ဒယ်ဂူမိဘမဲ့ဂေဟာရှိ ချန်း ထောက်ပံပေးထားသောကလေးတစ်ယောက်နှင့်သူတို့လာတွေ့ကြခြင်းပင်...။အစကတော့ငြင်းခိုင်းမလို့ပေမဲ့ကလေးကတကယ်စိတ်ရင်းနဲ့ကျေးဇူးတင်ချင်နေတာရော ၊ကျောင်းအုပ်ကြီးကပါ တောင်းဆိုနေတာကြောင့်သူလည်းမတတ်သာဘဲခွင့်ပြုပေးလိုက်ရသည်...။
"ဘိုရာ"ကဖေးနှင့်ခပ်လှမ်းလှမ်းရှိခုံတန်းတစ်ခုပေါ်တွင်ထိုင်နေရင်းလက်ကနာရီကိုကြည့်မိတော့6နာရီကို2မိနစ်လောက်စွန်းနေပြီဖြစ်သည်...။ထိုစဉ်ရုတ်တရက်အလောတကြီးထိုးရပ်လာသောကားတစ်စီးကြောင့်အကြည့်တို့ကထိုကားသို့ရောက်သွားရသည်...။မသိစိတ်ကရင်းနှီးနေသလိုရှိတာမို့ဆက်ကြည့်နေစဉ်ကားပေါ်မှကမျောသောပါးဆင်းလာသောလူတယောက်ကိုမြင်လိုက်ချိန်မှာတော့သူ့မျက်လုံးအစုံပြူးကျယ်သွားတော့သည်...။
Maskတပ်ထားသော်ငြားအနဲငယ်ရဲနေသောမျက်လုံးတို့နှင့်ဒိုဂျောင်ဆူးမှဒိုဂျောင်းဆူးပင်...။ရုတ်တရက်မို့ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရကာမတ်တပ်ရပ်လိုက်မိရင်းဘောင်းဘီအိတ်ထဲကဖုန်းကိုဆွဲထုတ်လိုက်သော်လည်း ဆိုင်တံခါးကိုတွန်းဖွင့်ကာဝင်သွားပြီဖြစ်သောဒိုဂျောင်ဆူး၏ကျောပြင်ကိုသာမြင်လိုက်ရသည်...။
အနည်းဆုံး"တိုက်ဆိုင်သွားတာ..."ဟူသောခပ်ရိုးရိုးဆင်ခြေဖြင့်မဖြေရှင်းနိုင်လောက်တာမို့မှန်အကြည်များကာထားသောဆိုင်ထဲသို့ကြည့်လိုက်တော့ ချန်း သည်ကားထိုင်နေရာတွင်မရှိတော့...။ဖုန်းခေါ်ဖို့လုပ်လိုက်စဉ်မှာပဲ မက်ဆေ့ခ်ျ ဝင်သံနှင့်အတူချန်းဆီမှ မက်ဆေ့ခ်ျတစ်ခု...။
^^ကားဆီပြန်လာခဲ့တော့...ငါဂျောင်ဆူးကိုမြင်လိုက်တယ်^^
YOU ARE READING
Unseen 「 completed 」
Romanceချစ်တယ်...။ တိတ်တခိုး ရေရွတ်ခဲ့ရင်းကပဲ အမုန်းတွေထဲ မွေ့ပျော်လာခဲ့၏။ Cover by @Akari Xing.