တိတ်တခိုး-၂၆

2.6K 230 154
                                    

OST for this chapter,
iKON's "Apology "

💢💢💢💢💢💢💢💢💢💢💢💢

ဒီ​နေ့ကချန်း​ယောလ်​​ဆေးရုံတက်​​နေသည်​မှာတစ်​ပတ်​ပြည့်​​သော​နေ့။

ခြေ​ထောက်​ကအရှင်းကြီး​တော့မသက်​သာ​သေး​သော်​လည်းလမ်း​လျှောက်​ရုံ​လောက်​​တော့လုပ်​​နိုင်​​နေပြီဖြစ်​သည်​။ဆေးရုံဆင်းပြီးလျှင်​အနုပညာ​လောကထဲကအနားယူကာ​ဒေါလ်​နှင့်​အတူ​နေသွားချင်​သည့််​ဆန္ဒ​လေးကမ​နေ့တ​နေ့ကအထိ​တော့မတန်​မရာ​တွေးဖြစ်​​နေ​သေး၏။ဒေါလ်​ရဲ့မဆုံးနိုင်​တဲ့​အောင်​မြင်​မှု​တွေကို​ဘေးက​နေမျှ​ဝေခံစား​ပေးရင်းနဲ့ကျွန်​​တော်​တကယ်​​နေသွားချင်​ခဲ့တာ...။

ဂျွန်​ဒယ်​သာကိစ္စ​တွေအကုန်​လုံးမ​ဖော်​ထုတ်​ခဲ့ဘူးဆိုရင်​​တောင်​အ​ဝေးတ​နေရာက​နေ​တော့လှမ်းကြည့်​​နေနိုင်​ဦးမယ်​ထင်​ခဲ့တာ...။

မ​နက်က​သာကျွန်​​တော်​​မေ့​နေ​မိတဲ့တစုံတ​ယောက်​ဆီကမက်​​ဆေ့ခ်ျ​ကိုလက်​ခံမရခဲ့ဘူးဆိုရင်​ဘယ်​အချိန်​ထိစိတ်​ကူးယဉ်​အိမ်​မက်​​တွေထဲနစ်​​မျော​နေမိမလဲမ​တွေးတတ်​ဘူး။

"ဘာ​တွေ​တွေး​နေတာလဲ ဟင်​ "

လက်​တစ်​ဖက်​ဆီမှ​နွေး​ထွေး​သောခံစားမှုနှင့်​အတူဘယ်​​တော့မှခွဲမသွားချင်​တဲ့​ဒေါလ်​ရဲ့အသံ​လေး။
ခေါင်းအသာယမ်းပြမိရင်း...

"လွမ်း​နေတာ"

"အယ်​ "

အဆက်​အစပ်​မရှိစွာဆိုရင်းကုတင်​​ဘေးတွင်​မတ်​တပ်​ရပ်​​နေ​သော​ကိုယ်​​နွေး​နွေး​လေးအားခါးမှ​နေ၍တင်းကျပ်​စွာ​ပွေ့ဖက်​ရင်းသူ့ရင်​ခွင်​ထဲ​ခေါင်းမှီထားမိသည်​။

"မ​တွေ့ရတာတစ်​နာရီ​တောင်​ပြည့်​​သေးလို့လား"

ရယ်​မြူးရိပ်​အနည်းငယ်​စွက်​စွာဖြင့်​စ​နောက်​လာ​သော​ကောင်​ငယ်​​လေးအားပိုတင်းကျပ်​စွာ​ပွေ့ဖက်​လိုက်​သည်​။နှလုံးခုန်​သံ​တွေကို​တောင်​အတိုင်းသားကြားနိုင်​တဲ့အထိ။အသက်​ရှူမရ​အောင်​မွန်းသွား​လောက်​တဲ့အထိ...။

Unseen 「 completed 」Where stories live. Discover now