တိတ်တခိုး-၁၇

1.5K 195 38
                                    

OST for this chapter,
Wanna One's "LIGHT"
💢💢💢💢💢💢💢💢💢💢💢

"​ဒေါက်​...​ဒေါက်​...​ဒေါက်​..."

တံခါး​ဘောင်​အားမှီရင်းပိတ်​မထား​သောအခန်းတံခါးအားသုံးချက်​ဆင့်​​ခေါက်​လိုက်​​​တော့ဆိုဖာ​ပေါ်တွင်​နွမ်းလျစွာမှီထိုင်​​နေလျက်​မျက်​လုံးတို့ဖိမှိတ်​ထား​သော​ဒေါလ်​၏ခန္ဓာကိုယ်​​လေးတစ်​ချက်​ဆတ်​ခနဲဖြစ်​သွားသည်​...။

နား​ထင်​တစ်​ဝိုက်​အားလက်​မဖြင့်​ဖိရင်းမျက်​လုံးတို့ကိုအားတင်းဖွင့်​လာသည့်​ပုံ​လေးကတကယ့်​ကိုပင်​ပန်းနွမ်းနယ်​​နေဟန်​...။ဒီ​ကောင်​​လေးဟာဘယ်​​တော့မှကိုယ့်​ကိုကိုယ်​ဂရုစိုက်​ရ​ကောင်းမှန်းနားမလည်​ပဲဖြစ်​သလို​နေတတ်​သည်​...။အခုလည်းကြည့်​...ဟိုတယ်​အခန်းတံခါးကြီးကိုဖွင့်​ပြီးထိုင်​ခုံ​ပေါ်မှာအိပ်​​ပျော်​​နေတာ...။VIPအလွှာမလို့လူသွားလူလာကျဲလို့သာမလား...။မနက်​ဖြန်​သူတို့နှစ်​​ယောက်​တက်​ရမည့်​ဒါရိုက်​တာလီ၏movie press conference အတွက်​နှစ်​​ယောက်​လုံး​ပေကျင်းသို့​ရောက်​​နေကြခြင်းဖြစ်​သည်​...။မင်​အာရီက​တော့ပြင်​သစ်​fashion showတစ်​ခုအားနိုင်​ငံကိုယ်​စားပြုတက်​​ရောက်​ရန်​ဖိတ်​ကြားခံရသဖြင့်​ပါမလာခဲ့...။

သူကဒီရက်​ပိုင်းscheduleပါး​နေတာ​ကြောင့်​ကိုရီးယားက​နေလာခဲ့တာဖြစ်​​ပေမဲ့​ဒေါလ်​က​တော့ဂျပန်​fan meetingက​နေတန်းပြီးလာခဲ့ရတာမို့အ​တော်​​လေးပင်​ပန်း​နေရှာ​ပေမည်​...။အခုလည်းသူသာစိတ်​မချလို့လာမကြည့်​ဖြစ်​လျှင်​ဘယ်​အထိအိပ်​​ပျော်​​နေမည်​မသိ...။ဟို​နေ့ကပတ်​ဟိုဂျွန်းနဲ့​တွေ့ပြီးကတည်းကသူ့မှာအချိန်​တိုင်းလိုလိုကြံဖန်​စိတ်​ပူ​နေရတာဖြစ်​သည်​...။

"ကျွတ်​...ကျွတ်​..."

ဆိုဖာကိုမှီ​နေရာမှ​ခေါင်း​လေး​ထောင်​လာပြီးမတ်​တပ်​ရပ်​​နေ​သောသူ့ကိုမြင်​သွားဟန်​တူသည်​...။ကိုယ်​​လေးဆတ်​ခနဲတချက်​တုန်​သွားကာချက်​ချင်းအသင့်​အ​နေအထားနဲ့မတ်​တပ်​ထရပ်​လိုက်​တာ​ကြောင့်​ရင်​ထဲ​တော့မ​ကောင်း...။သူ့ကိုအ​တော်​​လေးသတိထား​နေတဲ့ပုံ...။

Unseen 「 completed 」Where stories live. Discover now