တိတ်တခိုး-၁၅

1.5K 184 98
                                    

OST for this chapter,
Hwanhee's "Love Hurt"

💢💢💢💢💢💢💢💢💢💢💢💢

"​ရောက်​ပြီလား...သူ​ဌေးပတ်​​စောင့်​​နေတာ​တောင်​ကြာပြီ..."

သူ​ဌေးပတ်​ဆို​သောစကား​ကြောင့်​သူ့အကြည့်​​တို့ကဆိုဖာ​ပေါ်တွင်​​ခြေတဖက်​ချိတ်​လျက်​စမတ်​ကျကျထိုင်​​နေသူထံ​ရောက်​ရှိသွားသည်​...။အသက်​ကြီးကြီးဖြစ်​မည်​ဟုထင်​ထားခဲ့​သော်​လည်းသူ့ထက်​အနည်းငယ်​ပဲကြီးပုံ​ပေါ်ကာနဖူးပြင်​​ပေါ်ခပ်​ဝဲဝဲကျ​နေ​သော​ရှားညို​ရောင်​ဆံပင်​တို့​ကြောင့်​ပို၍လူငယ်​ဆန်​​နေသည်​...။အရည်​လဲ့​နေ​သောမျက်​ဝန်းတစ်​စုံက​တော့သူသိ​သောတစ်​စုံတစ်​​ယောက်​နှင့်​တူသည်​...ထိုတစ်​စုံတ​ယောက်​ကအမြဲလိုလို​လှောင်​ရိပ်​သန်း​နေ​သောမျက်​ဝန်းတို့နှင့်​သာကြည့်​တတ်​ပြီးဒီလူက​တော့နှစ်​လိုဖွယ်​အကြည့်​​တွေပဲရှိတာကလွဲရင်​​ပေါ့​လေ...။

နက်​ပြာ​ရောင်​အ​နောက်​တိုင်းဝတ်​စုံဖြင့်​နှစ်​လိုဖွယ်​အပြုံးတို့ဆင်​မြန်းထားသည့်​ထိုလူကသူထိုင်​ ထိုင်​ချင်းမှာပဲ​ခြေချိတ်​ထားသည်​ကိုဖြုတ်​လျက်​လက်​တစ်​ဖက်​ဆန့်​တန်းကာနှုတ်​ဆက်​လာသည်​...။

"​တွေ့ရတာဝမ်းသာပါတယ်​ ကျွန်​​တော့်​နာမည်​ပတ်​ဟိုဂျွန်းပါ...Keli ရဲ့C.E.Oဆိုပါ​တော့..."

"ကျွန်​​တော်​လည်း​တွေ့ရတာဝမ်းသာပါတယ်​...ဒို​ဂျောင်​ဆူးပါ..."

အသီးသီးနှုတ်​ဆက်​ပြီးကြ၍အကဲခတ်​​နေစဉ်​မှာပဲသူ့တို့သူ​ဌေးမှစကားစလာသည်​...။

"ခုနကသူ​ဌေးပတ်​နဲ့စကား​ပြောကြည့်​​တော့သူကမင်းကိုဒီတ​ခေါက်​ဒီဇိုင်းအတွက်​​ကြေငြာတင်​မဟုတ်​ဘဲKeliရဲ့brandအားလုံးအတွက်​​ကြေငြာ​စေချင်​တာ...​ပြောရရင်​ ပင်​တိုင်​​မော်​ဒယ်​လ်​သ​ဘောမျိုးစာချုပ်ချုပ်​​ချင်​တာဆိုပါ​တော့..."

သူ​ဌေးစကား​ကြောင့်​သူ​တော်​​တော်​​လေးအံသြသွားရသည်​က​တော့အမှန်​...။သူ့ကို​ကြောငြာအတွက်​ငှါးတယ်​ဆိုတာက​တောင်​​တော်​​တော်​အံသြစရာ​ကောင်း​နေပြီကိုKeliရဲ့ပင်​တိုင်​​မော်​ဒယ်​လ်​ဆို​တော့ဒါကအ​တော်​ကိုအံအားသင့်​စရာဖြစ်​သွားသည်​...။Keliလိုပြင်​သစ်​brandတစ်​ခုကသူ့ထက်​သာတဲ့ဘယ်​​မော်​ဒယ်​လ်​​လောကကလူကိုမဆိုငှါးနိုင်​ရဲ့သားနဲ့သူ့ကို​ရွေးချယ်​လာခြင်းမို့ပို၍အံသြမိခြင်း...။

Unseen 「 completed 」Where stories live. Discover now