တိတ်တခိုး-၂၁

1.5K 193 30
                                    

OST for this chapter,
Jessica 's That person ,you.(best ever)
💢💢💢💢💢💢💢💢💢💢💢

Indoor photoshooting ဖြစ်​၍သတ်​မှတ်​ထား​သောstudioထဲသူဝင်​လာခဲ့ချိန်​မျက်​ဝန်း​ထောင့်​စွန်းမှလူရိပ်​တစ်​ရိပ်​လျင်​မြန်​စွာလှုပ်​ရှားသွားပြီးသူ့နားသို့​ရောက်​လာခဲ့သည်​။

"​ဟေး..."

"သူ​ဌေးပတ်​..."

"မ​နေ့ကတခုခုဖြစ်​ခဲ့လို့လား အ​ကြောင်းမကြား​တော့ကိုယ်​တကယ်​စိုးရိမ်​​နေခဲ့တာ..."

ဂျောင်​ဆူး၏လက်​​မောင်းတစ်​ဖက်​အားဆွဲလိုက်​ရင်းခန္ဓာကိုယ်​တစ်ပ​တ်​အားစစ်​​ဆေးသလိုကြည့်​လာသည်​။အရမ်းကြီးရင်းနှီးသလိုဆက်​ဆံခံလိုက်​ရတာ​ရော၊​ယောကျာ်းအချင်းချင်းကို "ကိုယ်​"ဟူ​သောနာမ်​စားဖြင့်​သုံးနှုန်း​နေတာ​ရော​ကြောင့်​စိတ်​ထဲတမျိုးတမည်​ကြီးခံစားလိုက်​ရကာ​နေရခက်​ခက်​ဖြင့်​ပြန်​ပြုံးပြလိုက်​ရသည်​။

"ကျွန်​​တော့်​ကိုယ်​​ရေးကိုယ်​တာကိစ္စ​လေးတစ်​ခု​ပေါ်လာလို့ပါ...အ​ကြောင်းမကြားဖြစ်​လိုက်​တာတကယ်​​တောင်းပန်​ပါတယ်​...မထင်​မှတ်​ဘဲ​ပေါ်လာတဲ့ကိစ္စဖြစ်​သွား​တော့..."

ဂျောင်​ဆူး၏စကားမဆုံးမီပင်​လက်​ကာပြလာကာ...

"မင်းအဆင်​​ပြေတယ်​မလား ကိုယ့်ကိုအားမနာပါနဲ့ ညက​ရောဘယ်​နှစ်​နာရီမှ​လေယာဉ်​ဆိုက်​တာလဲ...နည်းနည်းအိပ်​​ရေးပျက်​​နေတဲ့ပုံ​ပေါ်​နေသလားလို့..."

"နည်းနည်းပါ အရမ်းမျက်​ကွင်း​တွေညို​နေလို့လား မိတ်​ကပ်​နဲ့လုပ်​လိုက်​ရင်​​တော့အဆင်​​ပြေသွားမယ်​ထင်​တယ်​ ​တောင်းပန်​ပါတယ်​ ကျွန်​​တော်​..."

"အရူး​လေး..."

ရုတ်​တရက်​​ဂျောင်​ဆူး​တောင့်​သွားသည်​။
ရယ်​ရင်း​ရေရွတ်​လိုက်​သံနှင့်​အတူလျင်​မြန်​​သောလက်​တစ်​ဖက်​ကအ​အေးရှိန်​နှင့်​အနည်းငယ်​ရဲ​နေ​သောသူ့ပါးတစ်​ဖက်​ကိုခပ်​ဖွဖွဖျစ်​ညှစ်​လိုက်​ခြင်း။
ဂျောင်​ဆူးတစ်​​ယောက်​တည်းလားဆို​တော့မဟုတ်​၊ကိုယ့်အလုပ်​ကိုလုပ်​ရင်းမသိမသာသိသိသာသာစူးစမ်း​နေကြ​သောstaffတစ်​စုလည်း​ကြောင်​အသွားကြကာလုပ်​လက်​စတို့ရပ်​ရင်းအိုးတိုးအမ်းတမ်း​တွေဖြစ်​ကုန်​သည်​...။

Unseen 「 completed 」Where stories live. Discover now