တိတ်တခိုး-၇

1.8K 184 21
                                    

သတင်းဌာနအတွင်းကကားပါကင်​ဖြစ်​တာ​ကြောင့်​maskမအုပ်​​တော့ဘဲကားရှိရာသို့ပြန်​လာခဲ့သည်​...။ဘေးနားကမန်​​နေဂျာ​ကောင်​​လေးဘာစကား​တွေ​ပြော​နေသလဲဆိုတာ​တောင်​မကြားနိုင်​​လောက်​တဲ့အထိ​ဂျောင်​ဆူးအ​တွေးထဲတွင်​လွင့်​​မျော​နေခဲ့သည်​....။

မဖြစ်​နိုင်​ဘူး​လေ....။ဘာလို့အတွင်းကျကျကိစ္စ​တွေအထိ....၊ကျန်​တာ​တွေကထားပါ​တော့...၊ဖိနပ်​ဆိုဒ်​​တွေအထိသိ​နေရ​အောင်​....သူကအကြားအမြင်​ရ​နေတဲ့သူလည်းမဟုတ်​ပါဘဲ...။ဘယ်​လိုပင်​​တွေး​တွေးနီးစပ်​​သောအ​ဖြေတစ်​ခုပင်​ထွက်​မလာခဲ့...။သူ့ကိုဒုက္ခ​ရောက်​​အောင်​ကြံစည်​ကာမှကိုယ့်​ကိုကိုယ်​ဒုက္ခတွင်းထဲဆွဲချမိသလိုဖြစ်​သွားခဲ့တာ....။

ပတ်​ခ်​ချန်း​ယောလ်​.....။ခင်​ဗျားကတကယ်​ပဲဘာလဲ??....။

"ဟင်​?....ဘာ​လေးလဲ...?"

အ​တွေးတို့ပြတ်​​တောက်​သွားပြီးကားထဲဝင်​ရန်​ပြင်​လိုက်​စဉ်​မန်​​နေဂျာ​လေးမင်​ဝူထံမှ​ရေရွတ်​သံကြားလိုက်​ရခြင်း....။သူလက်​ညိုးထိုးပြရာကြည့်​မိ​တော့သူထိုင်​​သောကား​နောက်​ခန်း၏တံခါးလက်​ကိုင်​​နေရာတွင်​double tapeဖြင့်​ကပ်​ထား​သောအထုပ်​​လေးတစ်​ထုပ်​...။

မင်​ဝူကလက်​မြန်​​ခြေမြန်ုဆွဲခွာလိုက်​ရင်းဖွင့်​ကြည့်​​နေသည်​...။ပြီးမှတအံတသြသူ့ထံထိုးပြရင်း....။

"​ဆေး​တွေ...၊အဖျားကာကွယ်​​ဆေး၊အ​အေးမိရင်​​သောက်​တဲ့​ဆေး၊အကိုက်​အခဲ​ပျောက်​​ဆေးရယ်​ပြီး​တော့....နွားနို့...."

မင်​ဝူစကား​ကြောင့်​သူလည်းအံသြသွားကာဆွဲယူကြည့်​မိသည်​...။တကယ်​ကိုမင်​ဝူရွတ်​ပြသည့်​​ဆေးများ....။

"ထူးဆန်းတယ်​...ငါဒီ​နေ့သိပ်​​နေလို့မ​ကောင်းဘူးဖြစ်​​နေတာ၊အ​အေးမိချင်​​နေသလို၊...ပြီး​တော့...ငါက​ဆေး​သောက်​ရင်​နွားနို့နဲ့မှ​သောက်​တတ်​တာ...."

သူ့စကား​ကြောင့်​မင်​ဝူလည်းမျက်​လုံး​လေးကလယ်​ကလယ်​ဖြင့်​ခဏတာ​စဉ်းစား​နေပြီးမှအ​ရေးတယူမဖြစ်​ဟန်​ဖြင့်​​ပြောလာသည်​...။

Unseen 「 completed 」Where stories live. Discover now