တိတ်တခိုး-၁၂

1.6K 184 51
                                    

OST for this chapter,

Jeong SeWoon's "It's you "

💢💢💢💢💢💢💢💢💢💢💢💢

"ချန်း..."

ကားတံခါးဆွဲဖွင့်​သံနှင့်​တဆက်​တည်းကြားလိုက်​ရ​သောနှစ်​​ယောက်​မရှိနိုင်​သည့်​ဂျွန်​ဒယ့်​အသံ​ကြောင့်
လှည့်​ကြည့်​ရင်းခပ်​ယဲ့ယဲ့သာပြုံးပြလိုက်​နိုင်​တယ်​...။

"ရှာလိုက်​ရတာကွာ...မင်းကကားထဲပြန်​​​ရေါက်ေ​နတာပဲ...ချန်း...မင်း...အဆင်​​ပြေရဲ့လား..."

ရှေ့ခန်းကိုမသွားဘဲသူထိုင်​​နေရာ​နောက်​ခန်းကိုဝင်​လာရင်းစိုးရိမ်​တကြီး​မေးလာ​သောဂျွန်​ဒယ်​...။မင်းနဲ့လဲဘာမှမဆိုင်​ပါဘဲအမြဲလိုလိုငါ့အ​ကြောင်း​တွေနဲ့ပဲစိတ်​ညစ်​​စေခဲ့ရ​တာ​တွေအတွက်​​တောင်းပန်​ပါတယ်​ကွာ...။

"​ပြေပါတယ်​...ငါနားချင်​ပြီ...ငါတို့ပြန်​ကြရ​အောင်​..."

သူ့​စိတ်​​တွေတကယ်​ကိုမွန်းကျပ်​ကာပင်​ပန်းလွန်း​နေပြီမို့​ပြောလိုက်​မိသည်​...။ဟန်​​ဆောင်​​ကောင်းတဲ့လူတစ်​​ယောက်​အမြဲတ​စေတည်​တည်​ငြိမ်​ငြိမ်​ဟန်​​ဆောင်​နိုင်​ဖို့ဘယ်​လိုဖိအားမျိုး​တွေရင်​ဆိုင်​ရလဲဆိုတာဘယ်​သူမှမသိပါဘူး...။

အထူးသဖြင့်​ကိုယ်ချစ်​တဲ့သူရဲ့​ရှေ့မှာဟန်​မ​ဆောင်​ချင်​ဘဲနဲ့မလွှဲသာလို့ဟန်​​ဆောင်​​နေရတဲ့အခါမျိုးမှာ​ပေါ့...။
ဂျွန်​ဒယ်​ကသူ့မျက်​ဝန်းတို့ကိုအလုံးစုံနားလည်​သည့်​အလား​နွေး​ထွေးစွာကြည့်​လိုက်​ရင်း...။

"​ကောင်းပြီ...ပြန်​ရ​အောင်​ driverကိုမ​​စောင့်​​တော့ဘူးငါပဲ​မောင်းလိုက်​မယ်​...ဒီ​နေ့​ကောင်း​ကောင်းနားလိုက်​ပါချန်း...ည​နေပိုင်းschedule​တွေအကုန်​လုံးငါဖျက်​လိုက်​မယ်​..."

"​ကျေးဇူးပဲ...ဂျွန်​ဒယ်​..."

"​ကျေးဇူးတင်​ဖို့သတိရ​သေးရင်​ပဲ​တော်​ပါပြီ..."

သူ့ကိုရွဲ​ပြောရင်း​ကားတံခါးဖွင့်​ကာ​​driver seatကို​ရွှေ့သွားတဲ့ဂျွန်​ဒယ့်​ကိုကြည့်​ရင်းသူပြုံးလိုက်​မိသည်​...။ဘယ်​လိုပဲရွဲ့​ပြော​နေပါ​စေ၊ဘယ်​လိုပဲဘုနဲ့​ဘောက်​​တွေ​ပြော​နေပါ​စေဂျွန်​ဒယ်​ကသူ့ဘဝမှာဘယ်​​တော့မှထပ်​မရနိုင်​​တော့တဲ့သူငယ်​ချင်း​ကောင်းတစ်​​ယောက်​ဆိုတာသူနားလည်​သည်​...။

Unseen 「 completed 」Where stories live. Discover now