Coz you're all of me(FINAL)

3.9K 238 140
                                    

OST for this chapter,
"All of Me" covered by ChanYeol.
💢💢💢💢💢💢💢💢💢💢💢💢

"ဒီမှာ "

အာရီ၏ဖြူသွယ်​သွယ်​လက်​​လေးများဖြင့်​ကမ်း​ပေး​နေသည့်​ဆင်​စွယ်​​ရောင်​ဖိတ်​စာ​လေး...။ဗြုန်းစားကြီးရိုက်​ကွင်းကို​ရောက်​ချလာပြီးဖိတ်​စာတစ်​​စောင်​ကမ်း​ပေး​နေသည်​မို့ဖြစ်​နိုင်​သည်​ကသူမ တစ်​​ယောက်​ဖူးစာဖက်​အစစ်​အမှန်​ကိုရှာ​တွေ့သွားခြင်း​ဖြစ်​​ပေမည်​။

14နှစ်​ပင်​ပြည့်​​တော့မည်​။
သူမ ကျွန်​​တော့်​ကို​စောင့်​​နေခဲ့တာ။
တကယ်​ဆိုလုံ​လောက်​တာထက်​ကိုပို​နေခဲ့ပါပြီ​လေ။

"ဂုဏ်​ပြုပါတယ်​အာရီ...​နောက်​ဆုံး​တော့မင်းအမှန်​ကို​ရွေးချယ်​နိုင်​ပြီ​ပဲ"

"What!!"

ပဲရစ်​ သို့သွား​ရောက်​၍​ modeling ကိုထဲထဲဝင်​ဝင်​လုပ်​ကိုင်​​နေခဲ့​သောသူမက အင်္ဂလိပ်​လို တိုးတိုး​ရေရွတ်​ရင်းနားမလည်​ဟန်​မျက်​​မှောင်​တွန့်​ချိုး​နေရာမှတစုံတခုကိုသ​ဘော​ပေါက်​သွားသည့်​အလား ​ခေါင်းအသာယမ်းသည်​။

"ဘာဖြစ်​လို့လဲ ဒါ အာရီ့ရဲ့မင်္ဂလာ​ဆောင်​ဖိတ်​စာမဟုတ်​ဘူးလား"

"မဟုတ်​ပါဘူး "

"ဒါဆိုဘယ်​သူ "

"ကိုကို အာရီ့ရဲ့အကိုအရင်း မိသားစုပိုင်​ဟိုတယ်​လုပ်​ငန်းအတွက်​အ​မေရိကားမှာ tourism management အတွက်​ဘွဲ့လွန်​သွားတက်​​နေတာ ခုပညာစုံလို့ပြန်​လာ​တော့ကြင်​ယာပါတခါတည်းပါလာတယ်​ဆိုပါ​တော့ "

မိမိကိုယ်​၌ကမူကိ​လေသာကင်းစင်​​နေ​သောသူ​တော်​မ​လေးသဖွယ်​အကိုဖြစ်​သူအားနှာ​ခေါင်း​လေးရှုံ့ကာရှုံ့ကာဖြင့်​အပြစ်​တင်​​နေ​သော သူမ ​ကြောင့်​ နှုတ်​ခမ်း​လေးတွန့်​တယ်​ဆိုရုံပြုံး​မိစဉ်​ အနားသို့​ရောက်​လာ​သောဂျွန်​ဒယ့်​အသံကိုကြားလိုက်​ရသည်​။

"​​ဂျောင်​ဆူးလည်း အာရီ​နဲ့မှပဲပြုံး​တော့တယ်​ "

"အိုး!! ဂျွန်​ဒယ်​ရှီ မ​တွေ့တာကြာပြီ​နော်​ မှတ်​မှတ်​ရရပဲရစ်​မှာတုန်းက​နောက်​ဆုံး​တွေ့ခဲ့တာလားပဲ"

Unseen 「 completed 」Where stories live. Discover now