တိတ်တခိုး-၄

2.3K 276 32
                                    

လူယုတ်​မာ....။

ကျွန်​​တော့်​အ​တွေးမဆုံးခင်​PD ဆုန်း၏ဂုဏ်​ယူဝမ်း​မြောက်​စွာ​ဖြေကြားးလိုက်​သံကကျယ်​​လောင်​စွာထွက်​​ပေါ်လာသည်​။

"သူလား?သူကဒို​ဂျောင်​ဆူးတဲ့..၊ဒီတ​ခေါက်​trainee​တွေထဲအ​တော်​ဆုံးလို့​ပြောလို့ရတဲ့လူ​တွေထဲပါတယ်​...."

"​သြော်​...."

သူ့ရဲ့မျက်​လုံးဝိုင်းဝိုင်းတို့ကိုတမင်​​မှေးကျဉ်းလိုက်​ရင်း..."​သြော်​"ဟုသံရှည်​ဆွဲ​ရေရွတ်​လိုက်​ခြင်းတွင်​မ​ကောင်းတဲ့အ​ငွေ့အသက်​ကအလိုလိုခံ​စားမိ​နေသည်​...။သူကကျွန်​​တော်​ရှိရာသို့တစ်​လှမ်းချင်းကြည့်​​ကောင်းလှစွာ​လျှောက်​လာ​လေ​တော့ကျန်​​သောtraineeများလည်း​ယောင်​နနနှင့်​လမ်းရှဲ​ပေးကြသည်​။

"ဒို​ဂျောင်​ဆူး​နော်​?"

ကျွန်​​တော်​လက်​သီးကိုတင်းတင်းဆုပ်​ထားရင်းသိပ်​မ​ဝေး​တော့​သောသူ့မျက်​နှာကိုမျက်​​တောင်​မခတ်​တမ်းကြည့်​​နေလိုက်​သည်​။သူ​မေးတာကိုပြန်​​ဖြေဖို့​တော့လုံးဝစိတ်​ကူးမရှိပါ...။

၁စက္ကန့်​၊၂စက္ကန့်​၊၃စက္ကန့်​၊​လေးစက္ကန့်​၊ငါးစက္ကန့်​....။

ကျွန်​​တော့်​​ရှေ့မှဟန်​​ဆောင်​​ကောင်းလှ​သောထိုလူသား၏အ​ပေါ်နှုတ်​ခမ်းကတွန့်​တယ်​ဆိုရုံ​လေးကြည့်​​ကောင်းစွာပြုံးသွား​သော်​လည်းကျွန်​​တော်​သည်​​တော့ထို​လှောင်​​ပြုံးမမည်​​သော​လှောင်​ပြုံးနှင့်​အသားကျစွာစိတ်​မလှုပ်​ရှားမိ...။

"အို​ခေ!ဆယ်​မိနစ်​စာအလွတ်​သံစဉ်​တစ်​ခုကိုမင်းကပြတာငါမြင်​ချင်​တယ်​....အခု....ဒီမှာ..."

vocalပိုင်းနှင့်​audition​အောင်​လာ​သောကျွန်​​တော့်​အ​နေနဲ့trainingကာလတစ်​ပတ်​အတွင်းသိသိသာသာမတိုးတက်​လာ​သေး​သောအကစွမ်းရည်​ကိုသိနှင့်​​နေသည့်​အလားသ​ရော်​ပြုံးဟုမထင်​ရ​လောက်​​အောင်​ကြည့်​​ကောင်းလှ​သောအပြုံးတစ်​ခုနှင့်​တည်​ငြိမ်​စွာပင်​....။

အစကပြုံး​နေ​သောPDဆုန်း၏မျက်​နှာကြီးသည်​လည်းကြံရာမရဖြစ်​သွားပုံ​ပေါ်ကာ​ဘေးကTr.Kasperအားအကူအညီ​တောင်းဟန်​ဖြင့်​ကြည့်​လို့​နေသည်​။

Unseen 「 completed 」Where stories live. Discover now