တိတ်တခိုး-၂၀

1.4K 174 12
                                    

OST for this chapter,
EXO-Chen's "I'm not Okay"(This song is very suitable for this chapter,just my opinion )

💢💢💢💢💢💢💢💢💢💢💢💢

"ဟင်​!"

သွားတုန်းကတ​ယောက်​တည်းပြန်​လာ​တော့တ​ယောက်​ပိုလာသည့်​အပြင်​ကားတစ်​ခုလုံးလှိုင်​သွားသည့်​အရက်​နံ​ကြောင့်​နှာ​ခေါင်းပင်​ပိတ်​လိုက်​မိသည်​။

"ဒို​ဂျောင်​ဆူး?ဘယ်​လိုဖြစ်​တာလဲ..."

"​တွေ့တဲ့အတိုင်းပဲ...အဲ့က​လေးက​သောက်​လည်းမ​သောက်​နိုင်​ဘဲနဲ့​သောက်​ချင်​​နေ​သေးတာ..."

အပြစ်​တင်​ဟန်​ပါသည့်​​ဝေါဟာရဖြစ်​သည့်​တိုင်​အပြစ်​တင်​လိုဟန်​တစက်​မှမရှိဘဲက​လေးဆိုး​လေးတစ်​​ယောက်​ကိုအစွမ်းကုန်​အလိုလိုက်​​တော့မည့်​လူကြီးတစ်​ဦး၏မျက်​နှာမျိုးဖြင့်​ခပ်​တိုးတိုး​ပြောလာသည့်​ချန်း...။ကူရှင်​ကိုအနည်းငယ်​​နောက်​သို့လှန်​ကာသက်​​တောင့်​သက်​သာလှဲ​စေပြီးသူ့ကုတ်​အင်္ကျီတစ်​ထပ်​ကိုပါ​သေချာလွှမ်းခြုံ​ပေးပြီးမှသူ့ဘက်​ပြန်​လှည့်​ကြည့်​လာသည်​...။

အပြုံးရိပ်​တို့မကွယ်​​ပျောက်​​သေး​သောမျက်​နှာကသူမြင်​​နေကျနာကျင်​မှု​တွေတ​ပွေ့တပိုက်​နှင့်​ချန်းထက်​အဆများစွာ​တောက်​ပလျက်​...။

ဒို​ဂျောင်​ဆူးနှင့်​မိနစ်​အနည်းငယ်​အတူရှိ​နေရခြင်းက​တောင်​ချန်းကိုဒီ​လောက်​​ပျော်​ရွှင်​​စေရင်​ကျွန်​​တော်​ကဘာလို့များတွန့်​တို​နေရဦးမည်​လဲ...။ပြုံးမိလိုက်​သည်​...။

"အရင်​ဆုံးသူ့ကွန်​ဒိုကိုလိုက်​ပို့ရ​အောင်​...ငါမင်​ဝူ့ကိုဖုန်းဆက်​ထားတယ်​ထွက်​​စောင့်​​နေလိမ့်​မယ်​..."

"​အေးပါကွာ...နည်းနည်း​ဝေး​တော့ကား​မောင်းတာကကြာဦးမှာ...မင်းလည်းခဏနားလိုက်​ငါ​မောင်းလိုက်​မယ်​..."

"အင်း...​​ပြောဖို့မလိုမှန်း​တော့သိ​ပေမဲ့..."

ဆက်​မ​ပြော​တော့သည်​မို့ဆက်​​ပြောရန်​အသာ​ခေါင်းဆတ်​ပြမိ​တော့ညာဘက်​လက်​ဖြင့်​လည်​ပင်းကိုခပ်​ဖွဖွပွတ်​ရင်းပြုံးကာဆိုလာသည်​...။

Unseen 「 completed 」Where stories live. Discover now