တိတ်တခိုး-၂၃

1.5K 194 74
                                    

OST for this chapter,
Kim NaYoung's "losing myself"

💢💢💢💢💢💢💢💢💢💢💢💢

^ကိုယ်​​ရောက်​​နေပြီ^

သူမဆီmessageတ​စောင်​ခပ်​သွက်​သွက်​​ရိုက်​ပြီးပြီးချင်းပဲအချက်​​ပေးသံ​လေးနှင့်​အတူချက်​ချင်းmessage​လေးပြန်​ဝင်​လာသည်​။

^ခုထွက်​လာပြီ ကို့ကားကို​တွေ့တယ်​^

"​ဒေါက်​...​ဒေါက်​...​ဒေါက်​"

သုံးချက်​​သောကားမှန်​​ခေါက်​သံ​ကြောင့်​သူမမှန်းသိလိုက်​ကာတံခါးဖွင့်​​ပေးလိုက်​သည်​။လှပကာအမြဲactiveဖြစ်​​နေ​သောအာရီနှင့်​ဆုံတဲ့အချိန်​တိုင်း သူလည်း​ပေါ့​ပေါ့ပါးပါးပဲရှိချင်​တာ​ကြောင့်​စိတ်​ရှုပ်​စရာကိစ္စမှန်​သမျှအား​မေ့ထားဖြစ်​သည်​။ သူမနှင့်​တွဲဖြစ်​ခဲ့ခြင်းက​တော့တကယ်​ကိုပဲ​နောင်​တရ​စရာ​တော့ရှိမ​နေခဲ့။ အင်း...အခုချိန်​ထိ​ပေါ့။

"Bluebells? "

Lover seatမှာဝင်​ထိုင်​လိုက်​ရင်းသူယူလာ​သောခရမ်းပြာ​ရောင်​ပန်းတို့အားမြင်​သွား​သော​အခါနှစ်​လိုစွာပြုံးလိုက်​ဟန်​ကbluebellများကို​တောင်​​မှေးမှိန်​သွား​စေတဲ့ထိ။တခါတ​လေ​တော့လည်းသူမဟာလှလွန်းတယ်​ဆိုတာထက်​ကိုပိုသည်​ကို​တော့သူဝန်​ခံရမည်​။

"အင်း...အာရီ့အတွက်​ကိုယ်​ဝယ်​ခဲ့တာ ဘယ်​လိုလဲသ​ဘောကျရဲ့လား?"

"အင်း"

"ဒီပန်း​တွေရဲ့အဓိပ္ပါယ်​ကဘယ်​​တော့မှမ​ပြောင်းလဲတဲ့အချစ်​ တဲ့​လေ"

"ရှိ​သေးတယ်​ ကိုရဲ့"

အရမ်းကြီးအနံမစူး​သောခပ်​သင်းသင်းရနံအား​ခေါင်းငုံ့ကာရှူရှိုက်​​နေရာမှ​ခေါင်း​မော့ကာဆိုလာသည်​။သူလည်းမျက်​ခုံးပင့်​မိရင်း...။

"ဟုတ်​လား...ဘာများလဲ"

"​အရာရာအတွက်​​ကျေးဇူးတင်​ရင်းအမြဲတမ်းအတွက်​အရှုံး​ပေးထားပါတယ်​ တဲ့ "

သူနှုတ်​ဆိတ်​သွားမိသည်​။
*အရာရာအတွက်​​ကျေးဇူးတင်​ရင်းအမြဲတမ်းအတွက်​အရှုံး​ပေးထားပါတယ်​ တဲ့လား*။

Unseen 「 completed 」Where stories live. Discover now