တိတ်တခိုး-၁၈

1.6K 192 77
                                    

OST for this chapter,
D.O. & Jo Jung Suk's"Don't Worry,my dear "

💢💢💢💢💢💢💢💢💢💢💢💢

အဓိကဇာတ်​​ဆောင်​တစ်​ဦးဖြစ်​​သောမင်​အာရီမတက်​​ရောက်​နို​င်ေ​သ်ာလည်း​​ပတ်​ချန်း​ယောလ်​ရယ်​၊သူရယ်​၊တခြား​သောsupporting role များက​တော့အစုံအလင်​ရှိ​နေကြသည်​...။မင်​အာရီမရှိ​သော​ကြောင့်​သူနှင့်​ပတ်​ချန်း​ယောလ်​က​ဘေးချင်းကပ်​ထိုင်​​နေကြရ​သော်​လည်းမင်​အာရီမလာနိုင်​တာလည်းသူ့အတွက်​တမျိုး​ကောင်းသည်​...။

နောက်​ဆုံး​တွေ့ဖြစ်​ကြသည့်​တ​ခေါက်​ကသူမ​ပြောခဲ့​သည့်​"ကျွန်​မတို့တွဲကြမလား..."ဟူ​သောစကားအ​ပေါ်သူအနည်းငယ်​မျက်​နှာပူပြီး​ဖြေရခက်​​နေတာလည်းပါသည်​...။အစကစိတ်​မဝင်​စားခဲ့​သော်​လည်းပတ်​ချန်း​ယောလ်​​ကြောင့်​ဒီမိန်းက​လေးအားသူတွဲဖို့ဆုံးဖြတ်​ပြီးဖြစ်​​ပေမဲ့လို့ဒီ​လောက်​ထိမြန်​လိမ့်​မယ်​လို့​တော့​မျှော်​လင့်​မထားခဲ့...။

"ဒီmovieက​ဂျောင်​ဆူးရှီရဲ့ပထမဆုံးmovieဖြစ်​​ပေမဲ့plotအ​နေအထားကcomedyဆန်​ဆန်​​ပေါ့​ပေါ့ပါးပါးမျိုးမဟုတ်​​တော့​ဂျောင်​ဆူးရှီအ​နေနဲ့ဘယ်​လိုအခက်​အခဲ​တွေများကြုံခဲ့ရသလဲမသိဘူး..."

MC၏​ကြည်​လင်​​သော​မေးသံအဆုံးလက်​ထဲသို့​ရောက်​လာ​သောmicနှင့်​အတူအသိပြန်​ဝင်​လာရသည်​...။

"အာ...ဟုတ်​ကဲ့...ဘယ်​လို​ပြောရမလဲ..."

ရုပ်​တည်​ကြီးနဲ့​ပြောပြီးကာမှmicကိုလွှဲရင်းသူရယ်​ချလိုက်​တာမို့အ​ရှေ့တွင်​ရှိ​သောfan​တွေထံမှ​အော်​သံများနှင့်​ခီ​ရော​ဝေါဆို​သောအသံ​တွေလည်းကြားလိုက်​ရသည်​...။တကယ်​​တော့သူအ​တွေးလွန်​​နေမိခြင်းမို့ရုတ်​တရက်​ဘာ​ဖြေရမှန်းမသိဖြစ်​သွားတာ​ကြောင့်​ရယ်​လိုက်​မိခြင်းသာ...။

"ဟုတ်​ကဲ့...ကျွန်​​တော့်​အတွက်​ပထမဆုံးဖြစ်​တဲ့အပြင်​plotကလည်းတကယ်​​ကောင်းပြီးဒါရိုက်​တာလီကလည်းကျွန်​​တော့်​ကိုကိုယ်​တိုင်​လာပြီးကမ်းလှမ်းခဲ့တာဆို​တော့ကျွန်​​တော့်​အတွက်​တကယ်​ကိုပဲတာဝန်​ကြီးပါတယ်​...ခက်​ခဲခဲ့တာ​တွေလည်းအများကြီးရှိ​ပေမဲ့လို့လက်​မ​လျော့ချင်​ခဲ့ပါဘူး...ကျိန်း​သေကျွန်​​တော်​မဖြစ်​ဖြစ်​​အောင်​လုပ်​ရမယ်​လို့ပဲ​တွေးခဲ့တယ်​...ဒါ​ပေမဲ့ဇာတ်​​ကောင်ရဲ့moodကိုအပြည့်​အဝသွင်းနိုင်​ဖို့​တော့ကျွန်​​တော်​​တော်​​တော်​​လေးကြိုးစားလိုက်​ရပါတယ်​...စီနီယာ​တွေဆီကလည်းအများကြီးသင်​ယူစရာ​တွေကျန်​​နေပါ​သေးတယ်​...ကျွန်​​တော့်​ကိုအား​ပေးကြတဲ့သူ​တွေစိတ်​မပျက်​ရ​အောင်​ကျွန်​​တော်​ဆက်​ပြီးကြိုးစားသွားမှာပါ..."

Unseen 「 completed 」Where stories live. Discover now