တိတ်တခိုး-၁၀

1.8K 187 44
                                    

အခုသူတို့အားလုံး​ရောက်​​နေကြတာကTenderဆို​သောCafe& Snacksဆိုင်​​လေးမှာဖြစ်​သည်​။ဒါရိုက်​တာလီရဲ့movieကိုစရိုက်​​နေတာနှစ်​ပတ်​​ကျော်​​လောက်​ရှိပြီဖြစ်​ကာပရိတ်​သတ်​​တွေကလည်းIdolနှစ်​​ယောက်​နဲ့နာမည်​ကြီးmodelတ​ယောက်​ပါဝင်​သရုပ်​​ဆောင်​ထား​သောmovieအားအ​တော်​​လေးအာရုံစိုက်​​နေကြသည်​...။

SMကလည်းဒါကိုအခွင့်​​ကောင်းယူ၍သူ့popularityကိုမြှင့်​တင့်​နိုင်​ဖို့အတွက်​comebackစီစဉ်​​နေကြတာမို့သူ့မှာဒီရက်​ပိုင်းschedule​တွေက​ပြည့်​ကျပ်​​နေ​လေသည်​...။

Movieအရပတ်​ခ်​ချန်း​ယောလ်​နှင့်​သူကအရမ်းချစ်​ကြတဲ့ညီအကို​တွေဖြစ်​ပြီးအရမ်းမချမ်းသာ​သောအလယ်​အလတ်​လူတန်းစားများဖြစ်​သည်​...။တစ်​​နေ့ဒိတ်​ဒိတ်​ကြဲချမ်းသာ​သောသူ​ဌေးသမီးတစ်​​ယောက်​နှင့်​သူအမှတ်​မထင်​ချစ်​ကြိုက်​မိရာမှသူတို့ညီအစ်​ကိုနှစ်​ဦးကြားမ​ပြေလည်​မှု​တွေဖြစ်​လာခဲ့သည်​...။သူ့ချစ်​သူ​နေရာကသရုပ်​​ဆောင်​မည်​ကမင်​အာရီပင်​....။

ညီဖြစ်​သူကိုလူချမ်းသာအသိုင်းအဝိုင်းတွင်​မသိမ်​ငယ်​​စေ​လို၍မင်​အာရီနှင့်​သ​ဘောမတူပဲလိုက်​ဖြတ်​​နေခဲ့​သောအစ်​ကိုတစ်​​ယောက်​၏​မေတ္တာ...၊ချစ်​သူကိုမဆုံးချင်​၍အစ်​ကိုနှင့်​အတိုက်​အခံလုပ်​ရင်းဂျစ်​ကန်​ကန်​ဖြစ်​လာခဲ့သည့်​ညီဖြစ်​သူ...၊စသဖြင့်​ဤmovieကမိဘ​တွေမရှိ​တော့​သောညီအစ်​ကိုနှစ်​ဦးကြားမှသံ​ယောဇဉ်​ကိုအဓိကပုံ​ဖော်​ရိုက်​ကူးမည့်​မိသားစုဇာတ်​လမ်းမျိုးဖြစ်​သည်​...။

သူနှင့်​ထိုလူအတွက်​က​တော့​ကောင်း​ကောင်းကို​တွေ့​တော့တာဖြစ်​သည်​...။ဒီ​နေ့​ကော်​ဖီဆိုင်​မှာရိုက်​မည့်​sceneကသူနှင့်​သူ့ချစ်​သူပထမဆုံးdateလုပ်​​နေစဉ်​အလုပ်​ကိစ္စနှင့်​လာ​သောပတ်​ခ်​ချန်း​ယောလ်​နှင့်​အမှတ်​မထင်​​တွေ့သည့်​sceneဖြစ်​သည်​...​။

"စ​တော့မလား....​ဂျောင်​ဆူးရှီကအာရီနဲ့အတူဆိုင်​ထဲကထွက်​လာတဲ့အချိန်​....ချန်း​ယောလ်​ရှီကTaxi​ပေါ်ကဆင်းပြီးဆိုင်​ထဲအဝင်​​....​တွေ့မှာ​နော်​...ဒီအခန်းကဒိုင်​ယာ​လောခ့်​မပါ​ပေမဲ့အကြည့်​​တွေကအရမ်းအ​ရေးကြီးတယ်​​နော်​...."

Unseen 「 completed 」Where stories live. Discover now