တိတ်တခိုး-၁၁

1.8K 202 37
                                    

OST for this chapter(in media)

Ben's "YOU"

💢💢💢💢💢💢💢💢💢💢💢💢

မထင်​ခဲ့ဘူး​လေ...။
အသက်​၁၈နှစ်​မှာလူတစ်​​ယောက်​ကိုစပြီးချစ်​မိခဲ့လိမ့်​မယ်​လို့...။
မထင်​ခဲ့ဘူး​လေ...။
တစ်​စုံတစ်​​ယောက်​ကိုကာကွယ်​​စောင့်​​ရှောက်​​ပေးလိုခြင်းရဲ့​နောက်​မှာနက်​ရှိုင်းစွာချစ်​မိလိမ့်​မယ်​လို့...။
မထင်​ခဲ့ဘူး​လေ...။
ဆယ်​​ကျော်​သက်​အရွယ်​မှာဖြစ်​​ပေါ်ခဲ့တဲ့အချစ်​တစ်​ခုကဒီ​လောက်​ထိထုထည်​ကြီးမားသွားခဲ့မယ်​လို့...။

အသက်​၁၈နှစ်​...။

Accidentဖြစ်​ပြီး​နောက်​မှာစိတ်​ကျ​ရောဂါကိုခံစားခဲ့ရတာ​ကြောင့်​၃လ​လောက်​ကြာလို့​ရောဂါ​ပျောက်​သွားသည့်​တိုင်​​ဖေ​ဖေနဲ့​မေ​မေကအိမ်​ထဲကအိမ်​ပြင်​မထွက်​​စေဘဲသက်​​တော်​​စောင့်​အများအပြားနဲ့​စောင့်​ကြပ်​ထားခဲ့တယ်​။ဆေးရုံမှာတကြိမ်​သာမြင်​ဖူးခဲ့တဲ့မျက်​ရည်​စက်​လက်​နဲ့မျက်​လုံးဝိုင်း​လေး​တွေကိုတခါပဲဖြစ်​ဖြစ်​​သေချာစိုက်​ကြည့်​ပြီး​ကျေးဇူးတင်​​ကြောင်း​ပြောချင်​ခဲ့တယ်​...။ဖိနပ်​မပါဘဲအိမ်​ကခိုးထွက်​ခဲ့ပြီး​သွေးစို့​နေတဲ့​ခြေ​ထောက်​​တွေနဲ့ဒယ်​ဂူကမိဘမဲ့​ဂေဟာ​လေးကို​ရောက်​တဲ့အချိန်​...ရွယ်​တူက​လေး​တွေကြားထဲအနိုင်​ကျင့်​ခံ​နေရတဲ့​က​လေးငယ်​ကိုကြည့်​ရင်းအသံတိတ်​ငိုခဲ့ဖူးတယ်​။မျက်​နှာမှာဒဏ်​ရာဗရပွနဲ့အံကိုတင်းတင်းကြိတ်​ထားတဲ့​ကောင်​ငယ်​​လေးကိုရင်​ခွင်​ထဲထည့်​ပြီးနှစ်​သိမ့်​​ပေးလိုက်​ချင်​​ပေမဲ့အနားကိုသွားဖို့​တောင်​သတ္တိမရှိခဲ့ဘူး...။အဲ့ဒီ့ညက​ဂေဟာဝန်းအပြင်​မှာသည်းကြီးမည်းကြီးရွာ​နေတဲ့မိုး​တွေကြားထဲတစ်​ညလုံးထိုင်​​နေခဲ့တဲ့​ကောင်​​လေးတစ်​​ယောက်​ရှိခဲ့တယ်ဆိုတာ​ဂေဟာထဲမှာအိပ်​​မောကျ​နေမယ့်​က​လေးငယ်​ကသိနိုင်​ပါ့မလား...။

ထို​နေ့်ကစလို့သူ​ဌေးသားလူ​ပေါ်​ကြော့​လေးပတ်​ချန်း​ယောလ်​ကတစ်​စုံတစ်​​ယောက်​အတွက်​ရည်​ရွယ်​ရင်းရင့်​ကျက်​တဲ့​ကောင်​ငယ်​​လေးဖြစ်​လာခဲ့တယ်​...။

Unseen 「 completed 」Where stories live. Discover now