အပိုင်း (၁)

40K 864 20
                                    

အချစ်ဆိုတာ လျှပ်တပြတ်

ဒေါက် ဒေါက် ( တံခါးခေါက်သံ )

" ဆရာ ရှင့် "

"ဟုတ်ကဲ့ "

"အရေးပေါ်လူနာတစ်ယောက်ရောက်နေပါတယ် အဲ့ဒါလိုက်ကြည့်ပေးပါဦး "

"အေးအေး ငါလာခဲ့မယ် "

ထိုင်နေရာ စားပွဲဝိုင်မှ အမြန်ထာကာ သူနာပြုနောက်သို့အပြေးလိုက်သွားသည်

ဒေါက်တာစိုင်းနေဦး ဆိုတာ New Star ဆေးရုံတွငိနမည်ကြီးဆရာဝန်းတစ်ယောက်ဖြစ်သည်
မိဘအသိုင်းအဝိုင်းကလည်း အလွန်ချမ်းသာလှသည်
ပြောရရင် ဆေးရုံရဲ့ ဒုဥက္ကဌပင်ဖြစ်သည်

အရမ်းတည်ငြိမ်သလို လူချစ်လူခင်လည်းပေါသည်
လူနာတိုင်းကလည်း စိုင်းနေ ကိုချစ်ကြသည်
အသက် ၃၂ဖြစ်နေပေမယ့် ဆေးရုံက မိန်းကလေးတွေရဲ့ကြားမှာ အရမ်းနမည်ကြီးလှသည်

သို့ပေမယ့် မိခင်ရဲ့ အာဏာကြောင့် ဘယ်သူမှ စိုင်းနေရဲ့အနားကို မသွားရဲကြချေ
နေ့စဉ်နေ့တိုင်း စိုင်းနေအမေ ဒေါ်ဝင့်ဝါထွန်းအမြဲ ဆေးရုံကိုလာပြီး ဆေးရုံအုပ်ကြီးနဲ့တွေ့လေ့ရှိသည်

ဆေးရုံအုပ်ကြီးဆိုသည် ဒေါ်ဝင့်ဝါထွန်းနဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းပင်ဖြစ်သည်
နမည်က ဦးကျော်မြင့်တဲ့ ချမ်းသာသလို လှပတဲ့သမီးတစ်ယောက်လည်းရှိတယ်

ဒေါ်ဝင့်ဝါထွန်းကတော့ ဦးကျော်မြင့်သမီး
ရွှေစင် ကို မျက်စိကြနေတော့ သားနဲ့ပေးစားဖို့ အမြဲလာတိုင်းပင်ဖြစ်သည်

နောက်တော့ ဦးကျော်မြင့်သဘောတူသောကြောင့် သားကိုဖွင့်ပြောဖို့သာကျန်တော့သည် ထိုအတူ ရွှေစင်ကိုလည်း အတူတူပင်ဖြစ်သည်

ရွှေစင်ဆိုသည်မှာ အရမ်းချောမောလှပသောကြောင့် ဝိုင်းဝိုင်းလည်နေသည် ရိုးရိုးယဉ်ယဉ်လေးမို့ မြင်သူတိုင်းစွဲမက်လောက်စေသည် ရွှေင်စင်လည်း စိုင်းနေ ကို သဘောကျနေမိသည်

သို့ပေမယ့် စိုင်းနေကတော့ သဘောမကျပေ့

"ဆရာမ ဒီလူနာ ဘာဖြစ်တာလဲ ဆေးစစ်ပြီးပြီလား "

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now