အပိုင်း ( ၁၈ )

5.5K 232 1
                                    

ဦးဝင်ထွန်း နိုင်ငံခြားမှ အလုပ်ကိစ္စတွေကို ခဏနားကာ မြန်မာပြည်ကိုပြန်လာခဲ့သည်။ အရင်ကနေ နေကျအိမ်မှာပဲတည်းသည်။ အိမ်မှာ ရှိုင်းနဲ့အတူ ဦး လည်း အတူရှိနေသည်။ ဆိုဖာပေါ်မှာ ရှိုင်း ဦး ပေါင်ပေါ်မှာ လှဲကာ စာအုပ်ဖတ်နေသည်။ ထိုမြင်ကွင်းကို ဦးဝင်ထွန်း မြင်သွားတော့ အိမ်ထဲပဲ ဆက်ဝင်ရမလို ပြန်ထွက်ရမလို ဖြစ်သွားသည်။

ဦးဝင်ထွန်းကို ဦး မြင်သွား၍ ရှိုင်းကို မသိမသာ အသိပေးလိုက်သည်။ ရှိုင်း လန့်ကာ မတ်တတ်ရပ်လိုက်သည်။

"အ့  အဖေ ပြန်လာမယ်ဆိုတာ ကြိုလည်းမပြောဘူး "

"ကြိုပြောထားရင် မင်းတို့မလွတ်လပ်ပဲနေမှာပေါ့ "

"အဖေကလည်းဗျာ့  "

"ဟျောင့်ဟျောင့် မောင်ရှိုင်း မင်းအာ့လောက်ထိချွဲမပြနဲ့ "

ဦး က တောင့်တောင့်ကြီး ရပ်နေသည်။

"ဟျောင့် စိုင်းနေဦး ဘာဖြစ်နေတာလဲ "

ဦးဝင်ထွန်းက ပြောသည်။

"ဗျာ ဘာကို လဲ အန်ကယ် "

"မင်းကလည်းကွာ ရှက်မနေပါနဲ့ မင်းတို့က ယောကျာ်းလေးတွေပဲ "

ထိုစကားက အဖေ ဦး ကိုမြှောက်ပေးလိုက်သလိုဖြစ်နေသည်။ အစကတည်းကမှ ဦး က ပိုင်ဆိုးပိုင်မဲ့နိုင်ပါတယ်ဆိုတာ အဖေမှ မသိခဲ့ပေ။

"ဟာ အဖေ ကိုယ့်သားကို အာ့လိုစိတ်ချနေပြီလား
ဦး အကြောင်းမသိပဲနဲ့ "

"ဘာ အကြောင်းလည်း သာ့း့  "

ထိုစဉ် ဦးက ဖြတ်ပြောလိုက်သည်။

"ဘာ အကြောင်းမှ မဟုတ်ပါဘူးအန်ကယ် "

"ဒါဆိုလည်း ပြီးတာပဲကွာ တည့်အောင်နေကြနော် "

ထိုသို့ ပြောပြီးနောက် ဦးဝင်းထွန်း အပေါ်ထပ်သို့ တတ်သွားလေသည်။

"ကြားတယ်နော် ကလေး "

"ဘာကြားရမှာလဲ မသိဘူးဗျာ "

"ဒါဆို ဦး ကသိအောင်လုပ်ပေးရမှာပေါ့ "

"ဟိုထား ဆရာ ဒီနေ့တော့ အဖေလည်း အိမ်မှာဆိုတော့ နိုး ပဲ နော် "

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now