အပိုင်း ( ၁၂ )

6.3K 296 1
                                    

၅ နှစ်ခန့်ကြာသော့့် 

၅နှစ်တာကြာပြီးမှ မြန်မာပြည်ပြန်လာရတယ်ဆိုတော့ မြန်မာဟင်း မြန်မာထမင်း ကိုအရမ်းလွမ်းသည်။ အမေ့ရဲ့ မြန်မာ့ ဟင်းလက်ရာလေတွေကို ပိုလွမ်းရသည်။ ထို့အပြင် မြန်မာပြည်က ဦး ကိုလည်း အရမ်းလွမ်းမိပါသေးသည်။

ဒေါ်လေးလှဆီကနေကြားရသော စကားကြောင့်သာမြန်မာပြည်ကို ပြန်လာခဲ့ရပါသည်။
တကယ်ဆို မြန်မာပြည်ကိုပြန်မလာချင်တော့ပါ ။

တစ်နေ့ ဒေါ်လေးလှတို့ အိမ်ရှေ့ကို ဦး ရဲ့ မေမေ ရောက်လာသည်ဟုဆိုသည်။ အကြောင်းမှာ ဦး ကား အက်စီးဒင့် ဖြစ်သည် ။

"ဟင့် ဘယ်သူလဲ လို့ 

အထဲကို ကြွပါဦးလား ရှင် "

ရွဲ့ကာစောင်းကာ ဒေါ်လေးကပြောသည်တဲ့ ။

"အမရယ် ကျွန်မကို ခွင့်လွှတ်ပေးပါနော် ကျွန်မ ကျွန်မသားစိတ်နဲ့ အမတို့အပေါ် မတရားခဲ့ပါဘူး "

သူ့အသံကြောင့် ဒေါ်လေးလည်းစိတ်လျောက်ရလိုက်သည်။

"ကဲပါ့  လာထိုင်ပါကွယ်
နားလည်အောင် ပြောစမ်းပါဦး "

"တကယ်တော့ ကျွန်မသားနဲ့ အမရဲ့ တူ တို့ဟာ
တစ်ယောက်နဲ့တစ်ယောက် ချစ်နေတဲ့ ချစ်သူတွေပါ"

"ဟင် ဘယ်လို့  ဘယ်လို "

"အဲ့နေ့က အမတူကို ကျွန်မပြောလိုက်တာကြောင့် အလုပ်ထွက်လိုက်တာနေမှာပါ "

ဦးရဲ့ အမေ ငိုယိုကာ ပြောနေသော်လာ် ခုထိ ငိုရတဲ့ အကြောင်းအရင်းကို မသိရသေးပေ။

"ထားလိုက်ပါတော့ ဖြစ်ခဲ့တာတွေလည်းပြီးပြီပဲ "

"မပြီးသေးပါဘူး အမရယ် ကျွန်မသားကို ကယ်ပါဦး ရှင် "

"ဟင် ဘယ်လို ဘယ်လို ဆရာဝန်လေးက ဘယ်လိုဖြစ်ရတာလဲ "

"ဒီလိုပါရှင့့် 

အမရဲ့တူ နိုင်ငံခြားမှာ ကား အက်စီဒင့်ဖြစ်ပြီး ဆုံးပြီဆိုပြီး ကျွန်မ သားကို လိမ်ညာခဲ့တယ် ။
ပြီးတော့ သားက အဲ့နေ့က စပြီး အရက်တွေ တအားသောက်လာတော့တာပါပဲ ။အစကတော့ သူခုထိ အမတူအပေါ် အချစ်ကြီးလိမ့်မယ်လို့ မထင်ခဲ့မိတာပါပဲ။ တစ်နေ့ အရက်မူးပြီး ကားမောင်းရင့်း့  ကားမောင်းရင့်း့  "

ကျွန်တော်ချစ်သော ဦး (My lovely Oo)Kde žijí příběhy. Začni objevovat