အပိုင်း ( ၂၀ )

5.3K 191 3
                                    

စားပွဲပေါ်မှ အသံမြည်နေသောဖုန်းကို ဦး အိပ်ယာပေါ်မှ လက်ဖြင့်စမ်းကာ လှမ်းယူလိုက်သည်။ ရှိုင်းကတော့ ဘေးနားမှာ အိပ်ပျော်နေတုန်းရှိသေးသည်။ ဝင်လာတဲ့ဖုန်းက တခြားသူမဟုတ် ဦး အမေပင်ဖြစ်သည်။ မနေ့က ဆရာမြင့်ဟန်ဆီသွားဖို့ အမေက ပြောထားခြင်းကြောင့်ဖြစ်မည်။

"ဟယ်လို အမေ "

"သားတို့ သွားရအောင်လေ အမေ အောက်ထပ်မှာရောက်နေပြီ အမေ အပေါ်တတ်ခဲ့မယ်နော် "

ချက်ချင်း ဦး အမေမှ ဖုန်းချလိုက်တော့သည်။ ဘေးနားမှာ ယုန်အဖြူလေးတစ်ကောင်လို ထွေးထွေးလေး အိပ်စက်နေသော ရှိုင်းကို ကြည့်ကာ ပြုံးနေမိသည်။ ပါးပြင်လေးကို နမ်းကာ အနမ်းတို့ဖြင့် ရှိုင်းကို နိုးထစေသည်။

"ကလေး ထတော့လေ ဦးမေမေ ရောက်နေပြီ "

"ဗျာ "

ရှိုင်း လန့်ကာ ရုတ်တရတ်ထလိုက်သည်။ ကုတင်နားမှာ ပစ်ထားသော ဘောင်းဘီကို အမြန်ဝတ်လိုက်သည်။

"ဟာ့း့  ဘာဖြစ်တာလဲ ကလေး "

"ဦး မေမေ လာပြီဆို "

"ဟုတ်တယ်လေ အဲ့တာဘာဖြစ်လို့လဲ "

"ဘာဖြစ်ရမှာလဲ ကျွန်တော်ရှက်တာပေါ့ မသိဘူးဗျာ
ကျွန်တော် ရေချိုးခန်းထဲဝင်ပြီ "

ရေချိုးခန်းကို တန်းကာ ဝင်သွားတော့သည်။ ခဏကြာတော့ ဒေါ်ဝင့်ဝါ တံခါးခေါက်လာသည်။

"သားတို့ ထတော့လေ အမေတို့ ဆရာကြီးဆီသွားရမှာ နောက်ကျနေပြီ "

"ဟုတ်ကဲ့ အမေ လာပြီ "

"ဒါဆို အမေ အောက်ကနေစောင့်နေမယ်နော် "

ထိုသို့ပြောကာ အောက်သို့ပြန်ဆင်းသွားလေသည်။
ဦးလည်း ရှိုင်း ရှိရာရေချိုးခန်းသို့လိုက်သွားသည်။
အသံမပေးပဲ ဖွင့်လိုက်တာကြောင့် ရှိုင်း လန့်ကာသွားသည်။

"ဟိတ်ကောင်လေး ဘာလို့လန့်သွားတာလဲ မဟုတ်တာတွေလုပ်နေတာလား "

"ဗျာ့ 
ဦးနော် ညစ်တီးညစ်ပတ်တွေလာမပြောနဲ့ "

"ကလေး ဦးရော တူတူချိုးလို့ရလား "

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now