စိတ်တိုတိုနဲ့ ဗီရိုထဲမှ အဝတ်စားတွေကို ထုတ်ကာ ကုတင်ပေါ်သို့ လှမ်းပစ်တင်သည်။ အိတ်ထဲကို ထိုးပစ်ထည့်လိုက်သည်။
"ကလေး အဲ့တာ ဘာလုပ်တာလဲ "
"အိမ်ပေါ်က ဆင်းမလို့ "
"ဘာလဲ ဟိုအကောင်နောက်ကို လိုက်မလို့လား "
လွန်သည်။ ထိုစကားက အတော်ကိုလွန်သည်။ ဒီတသက် ဦး တစ်ယောက်ထဲအတွတ် ပေးခဲ့တဲ့ နှလုံးသားက ဦးပြောတဲ့ စကားကြောင့် ဒဏ်ရာရသွားပြန်သည်။ ဘယ်လိုများ ပြောရက်လိုက်တာလဲ ဦးရယ်။
"ဦးအပေါ်ထားတဲ့ ကျွန်တော့်အချစ်တွေကို ဒီစကားနဲ့ စော်ကား လိုက်တာလား
အစကတော့ ဦး က နူးညံ့မယ်လို့ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ ကြမ်းတမ်းလာနေပြီ
ကျွန်တော် သွားမယ့့်  ဖယ်ပေး "ရှိုင်းလက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"ဦး ကလေးကို သွားခွင့်မပေးနိုင်ဘူး "
လက်ကိုရုန်းသော်လည်း မရပေ။
"ဦး ကို မမုန်းစေချင်ဘူးဆို အခုသွားခွင့်ပြုပါ "
ထိုမှသာ လက်လျှော့ကာ လက်လွှတ်လိုက်သည်။ကုတင်ပေါ် ထိုင်ချလိုက်သည်။ "ဂျောက် " တံခါး ပိတ်သံကြားမှ ကုတင်ပေါ်လှဲကာ မျက်လုံးစုံမှိတ်ပြီး ငိုကြွေးလိုက်သည်။ သူ ကလေးအပေါ်ချစ်တဲ့ အချစ်တွေက ကြမ်းတမ်းနေပြီတဲ့လား။ တကယ်ဆို ဦး က ကလေး အပေါ် စွဲလမ်းကြီးပြီး ချစ်နေခဲ့မိတာပါ။ ကလေး နားလည်ရင် သိပ်ကောင်းမှာပဲ ။
အရင်က နေခဲ့တဲ့အခန်းသို့ ဝင်ကာ ကုတင်ပေါ်သို့ အထုပ်ကို ဒုန်း ခနဲ့ပစ်တင်လိုက်သည်။ ထိုအသံကို ကြားသော ဒေါ်လေးက အလန့်တကြားရောက်လာသည်။ ထိုမှသာ သူ၏တူ အိမ်ရောက်နေမှန်းသိ၏။
"ဟယ် မောင်ရှိုင်း ဘာဖြစ်လာတာလဲ အထုပ်တွေအပိုးတွေနဲ့ "
ဘာမှ ပြန်မပြောပဲ ကုတင်ပေါ်တွင်ထိုင်ကာ ငိုနေသည်။
ဒေါ်လေးက ရိပ်မိဟန်တူသည်။ ချက်ချင်း ဦးနဲ့ ရန်ဖြစ်ပြီး အိမ်ကဆင်းလာတယ်ဆိုတာ သိလိုက်သည်။" ဆရာဝန်လေးနဲ့ ရန်ဖြစ်လာတာလား "
"ဟုတ်တယ့့် ဒေါ်လေး
ဦးက အရင်လိုမဟုတ်တော့ ဘူး
ကျွန်တော့်ကို အရုပ်တစ်ရုပ်လို ကြိုးကိုင်ပြီး ချစ်ပြနေတာ "
YOU ARE READING
ကျွန်တော်ချစ်သော ဦး (My lovely Oo)
Romanceဦ့း့  လို့ခေါ်ရုံနဲ့ ကျွန်တော့်မှာလုံခြုံနွေးထွေးမှုတွေပြည့်နှက်နေသည့် ရင်ခွင်တစ်ခုကို အမြဲခံစားမိသည့့်  ဦ့  လို့စဉ်းစားရုံနဲ့ ကျွန်တော့ အတွေးတွေမှာနေရာယူထားတာလည်း ဦးအကြောင်းတွေ့  ဦ့း့  ရယ် ဒီဘဝက ဦးကိုချစ်ဖို့များ မွေးဖွားလာလေ...