အပိုင်း ( ၁၄ )

6.1K 285 6
                                    

ဦး အတိတ်ကိုပြန်သတိရသွာပြီလား။ ရှိုင်း မျက်လုံးတို့က အကြည့်ချင်းဆုံကာ အဖြေရှာနေမိသည်။

ဦးက တိုးတိုးလေးထပ်ကာပြောသည်။

"မင်းက ငါ့ရည်းစားလား "

ဘာလို့မှန်းမသိ ရုတ်တရတ် ရှက်လာမိသည်။ ခုလိုအနီးကပ်ကြီးလာမေးနေတော့။

ရှိုင်း မျက်နှာကို အနည်းငယ် လွဲကာဖြေလိုက်သည်။

"မ့ မဟုတ်ပါဘူး ခများနဲ့ ကျနော် နဲ့က ဘယ်လိုလုပ် ရည်းစားတွေဖြစ်နိုင်မှာလဲ ကြံကြံဖန်ဖန် "

ရှိုင်း မျက်နှာကို အနည်းငယ်လွဲထားတာကြောင့် ဦးနဲ့ နှုတ်ခမ်းချင်းမနီးပေမယ့် ဦး ရဲ့ လေသံတိုးတိုးလေးတွေကာ နား ကို ကလိကလိနဲ့ရိုက်ခက်နေသည်။

"ဒါဆို မင်းနဲ့တွေ့ရင် ငါဘာလို့ ရင်တွေ အဲ့သလောက် ခုန်နေရတာလဲ "

"ဗျာ "

ရှိုင်း ဒူးတုန်ကာ ညွှတ်ကျသွားသည်။ ဦး က ခါးကနေ ပွေ့ဖက်ထားလိုက်သောကြောင့် လှဲကျမသွားပေ။
ဒူးကလည်းတုန် ရင်ကလည်းခုန်နေတော့သည်။

"လွှတ် လွှတ်တော့ "

ရှိုင်း အတင်းရုန်းလိုက်တော့ ခြေချောကာ ပစ်ကျသွားသည်။

"အာ့ ကျွတ်ကျွတ် ခများ ဘာလို့ လွှတ်လိုက်တာလဲ "

"ဘာ ဖြစ်သွားသေးလဲ "

"ခများကြောင့်ပေါ့  "

ထိုစဉ် မှတ်ဥာဏ်တချို့က ဦးရဲ့ ခေါင်းထဲသို့ တိုးဝေ့လာသည်။

ပုံရိပ်က ဝိုးတဝါး ကောင်လေးတစ်ယောက်ကို မြင်ယောင်မိသည်။ နောက်လူ တစ်ယောက်က သူကိုယ်တိုင်ပင်ဖြစ်သည်။ ထိုကောင်လေးက သူရှေ့မှာ ချောလှဲကျသွားသော ရှိုင်းမင်းသန့် ဆိုတဲ့ တစ်ယောက်သာဖြစ်သည်။

"ခများ ဘာ ဘာဖြစ်တာလဲ "

"အမ် အမ် ဘ ဘာမှမဖြစ်ပါဘူး "

"လာ လာ မင်းကို ငါပွေ့ချီပြီး ငါ့အခန်းထဲလိုက်ပို့မယ် "

"ခများ အခန်း ဟုတ်လား
မယုတ်မာနဲ့နော့့်  "

"ဟာ့း့  "

"ယုတ်မာ မယ်ဆိုရင်ကော မင်းဘာလုပ်မလဲ
ဟိုကောင်နဲ့တုန်းကကြတော့ ကြည်နူးနေလိုက်တာ "

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now