အပိုင်း ( ၁၇ )

5.8K 230 0
                                    

ရွှေစင်ကို သူတို့ရဲ့ ဆေးခန်းမှာပဲ အရေးပေါ်ကုသပေးသည်။ ဆေးခန်းဆိုပေမယ့်လည်း ရှိုင်းအဖေရဲ့ ပံပိုးမှုကြောင့် ဆေးပစ္စည်းအစုံရှိသည်။ အဆင့်မြင့် ဆေးခန်း တစ်ခုလို့ပင်ဆိုရပေမည်။
ရွှေစင်ကို ဦး နဲ့ ကျွန်တော် ကပဲ ကုသပေးသည်။ တခြား ဆေးအကူများလည်းရှိတာကြောင့် အဆင်ပြေသည်။ ဦး က ဦးကျော်မြင့်ကို ဖုန်းဆက်ထားတာကြောင့် ရောက်လာသည်။ ဦး မေမေလည်း သိသိချင်း လိုက်လာသည်။ ရွှေစင် ခေါင်းကို ၈ ချက်လောက်ချုပ်လိုက်ရသည်။ ဒါပေမယ့် တော်သေးသည် ဦးနှောက်နဲ့ပတ်သတ်လို့ ဘာတစ်ခု များများစားစားမထိခိုက်ခဲ့ပေ။

ခွဲခန်းက ထွက်လာတော့ ရွှေစင်အဖေက မျက်နှာမကောင်းပေ။ ဦး မေမေက ဦးကျော်မြင့်ကို နှစ်သိမ့်ပေးနေသည်။

"ကိုကျော်မြင့်ရယ် သမီးလေးက အဆင်ပြေသွားမှာပါ
သားတို့က အကောင်းဆုံးကုပေးထားတာပဲ "

"အင်းပါ ဝင့်ဝါရယ် အေးပါ "

ဦးကျော်မြင့် မျက်ရည်ဝဲကာပြောနေတော့သည်။

"အန်ကယ် ရယ် ရွှေစင် သက်သာလာမှာပါ
အသက်အန္တရယ်လည်း မရှိတော့ပါဘူး
ခုတော့ သူ့ကိုအနားပေးထားမှ ရမယ် "

ဦးကလည်း နှစ်သိမ့်ပေးလိုက်သည်။
ဦးကျော်မြင့်ကတော့ ဦးကို ငိုရင်းစကားတွေပြောနေသည်။

"သမီးလေး အစား အန်ကယ်လည်းတောင်းပန်ပါတယ် "

"မဟုတ်တာ အန်ကယ်ရယ် "

ဦးက ဦးကျော်မြင့်ကို ဖက်ကာနှစ်သိမ့်ပေးလိုက်သည်။

နာရီ အတော်ကြာအထိ ကျွန်တော်တို့အတူရှိနေကြသည်။ ထို့နောက် ရွှေစင် သတိရလာကြောင်း သူနာပြုမှ လာပြောသည်။ လူနာအခန်းထဲကို အတူသွားကြသည်။

ရွှေစင် က မျက်ရည်တွေကျလို့နေသည်။
တံခါးအဝင်အဝကို မျက်နှာလွဲကာလှဲနေသည်။ပြီးတော့ ခေါင်းမှာ ပတ်တီးဖြင့်ပတ်ထားသည်။

ဦး ကျော်မြင့်က အပြေးအလွှားသွားကြည့်သည်။

"သမီးရယ် အဖေ့မှာ သမီးတစ်ယောက်ထဲရှိတော့တာ
သမီး တခုခုဖြစ်သွားရင် အဖေဘယ်လိုအသက်ရှင်ရမှာလဲကွာ"

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now