အပိုင်း ( ၂၂ )

5.5K 220 10
                                    

ဟိန်းတေဇ သူငယ်ချင်းအချင်းချင်းကို နောက်ကျောဓားနဲ့ထိုးရက်တယ်ကွာ။

ဗီဒီယိုကို ဖွင့်ကြည့်လိုက်တော့ ဦးနဲ့ကလေး ဟိုတစ်ခါ ကမ်းခြေသွားတုန်း ဖြစ်ခဲ့တဲ့ ကိစ္စကို ဗီဒီယို ရိုက်ယူထားခြင်းပင်ဖြစ်သည်။ ဦး အတော်စိတ်တိုသွားသည်။

"ဟျောင့် တေဇ မင့်း့  အောက်တန်းကျလှချေလားကွာ "

"ငါလည်း ခုလိုမလုပ်ချင်ပါဘူးကွာ
ငါ ရှိုင်းကို အရမ်းချစ်နေမိပြီ မင်းဆီမှာ ရှိုင်းဆက်နေ နေရင် သူပဲ ငိုနေရမယ်
ငါမကြည့်ရက်ဘူး ပေါက်စကို ငါဘက်ပါအောင် ခေါ်ရမှာပဲ "

ဦး လက်သီးဖြင့်နံရံကို ထိုးလိုက်သည်။

"ဟျောင့် ကလေးကို ထိလို့ကတော့ သူငယ်ချင်းဖြစ်တဲ့ မင်းကိုလည်း ငါသတ်ဖို့ဝံမလေးဘူး "

ရှိုင်း ထိုစကားတွေ ကြားလိုက်ရတော့ စိတ်မကောင်းဖြစ်မိသည်။ ကိုတေဇ ကျွန်တော် ဦးဘယ်လိုပဲနေနေ ချစ်နေတော့မှာ။ အခြားတစ်ယောက်ပြောင်းဖို့ဆိုတာမလွယ်ပါဘူး။ ပြောင်းလဲဖို့လည်း မစဉ်းစားဖူးဘူး။ တကယ်တော့ ကျွန်တော့်မှာ ဦးကို ခွဲခွာဖို့အကြောင်းလည်း မရှိသလို ရှိလာမှာလည်း မဟုတ်ပါ ။

"ဦး ဖုန်း ကျွန်တော့်ကိုပေးပါ "

ဦး ကလေးကို စိတ်မချသောအကြည့်ဖြင့်ကြည့်သည်။

"အဆင်ပြေပါတယ် ဦးရယ်
ကျွန်တော်က ဦးကို ခွဲလို့မရတော့ဘူးဆိုတာ ဦးသိတယ်မလား "

"သိပါတယ် ကလေးရယ် "

ဖုန်းကို ပေးကာပြောစေသည်။

"ဟယ်လို အကိုတေဇ "

"ပေါက်စ့  အကို့  ပေါက်စကို့  "

ပြောတော့မည့် စကားကို သိနှင့်ပြီးမို့ ကြားထဲက ဝင်ဖြတ်လိုက်ရသည်။

"အကိုတေဇရယ့့်  ကျွန်တော်တို့က ဖြစ်မှမဖြစ်နိုင်တာ ကျွန်တော်ဦးကိုပဲချစ်တယ် "

"ဒါပေမယ့် သူက ပေါက်စကို အမြဲစိတ်ညစ်အောင်လုပ်တယ်လေ "

"ဦးဘယ်လိုပဲနေနေ ဘယ်လိုပဲစိတ်ညစ်အောင်လုပ်လုပ် ကျွန်တော် ဦးအနားမှာပဲရှိနေမှာ ပြီးတော့ ဦးကလည်း စိတ်ညစ်အောင်မလုပ်တော့ဘူးလို့ယုံကြည်တယ်"

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now