အပိုင်း ( ၁၉ )

5.4K 210 1
                                    

ခေါင်းကနည်းနည်းမကြည်တကြည်ဖြစ်နေသည်။ မျက်လုံးမဖွင့်ချင်သေးပေ။ ယခုသူအိပ်နေတဲ့ နေရာက အိစက်ညက်ညောလှသည်။ အမွှေးရနံ့တစ်ခုက မရှူပဲဝင်ရောက်လာသည်။ ထိုရနံ့ကြောင့် ခေါင်းထဲ ကြည်သွားသည်။ ထိုရနံ့ကို သူရင်းနှီးနေသည်။ သေချာစဉ်းစားကြည့်တော့မှ အို့  ဒါ နှင်းဆီရနံ့ပဲ
ဟု သူတွေးမိသွားသည်။

ဘယ်လိုဖြစ်တာပါလိမ့်။ ငါ ခုနက မိုးရေထဲလှဲကျသွားတာမဟုတ်ဘူးလား။ ထို့ကြောင့် မျက်လုံးကိုအမြန်ဖွင့်လိုက်သည်။

ဟမ် မှောင်နေတဲ့အခန်းကြီးပါလား။ ဘာမှ မမြင်ရပေ။ အခန်းက နည်းနည်းအေးနေတော့ သူကြောက်စိတ်ဝင်လာမိသည်။ စမ်းတမ်းစမ်းတမ်းဖြင့် သူထလိုက်သည်။ နံရံတွေကို လက်နဲ့စမ်းရင်း မီးခလုတ်ကို ဖွင့်မိသွားသည်။ကြည့်လိုက်တော့ ကုတင်ပေါ်မှာ နှင်းဆီတွေ ပြည့်နေသည်။

ဦ့း့  ဦးကကော ဘယ်ရောက်နေတာလဲ ။ အခန်းတံခါးကို ဖွင့်လိုက်ပြီး ထိုအခန်းမှထွက်လာသည်။ ထိုအခန်းမှဝေးလာလေလေ ဆူညံသံတွေကို ပိုနီးကပ်စွာကြားရသည်။ပြီးတော့ လက်ခုပ်သံတွေကော ကြားရသည်။ ထိုအသံတွေနောက်ကို လိုက်ကြည့်တော့ ခန်းမတစ်ခုကို ရောက်သွားသည်။

တံခါးကိုဖွင့်လိုက်တော့ ထိုခန်းမက မှောင်မဲနေသည်။ သိချင်လိုစိတ်ကြောင့် ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုစဉ် အမှောင်ထဲမှ တစ်စုံတယောက်က သူ့ကို ဆွဲခေါ်လိုက်လေသည်။ တပြိုင်နက်ထဲမှာပဲ သူ့မျက်လုံးတွေကို စည်းတာခံလိုက်ရသည်။
ခဏအကြာတော့ မျက်လုံးစည်းကိုဖွင့်ပေးသည်။ ထိုအချိန်ထိ မှောင်မဲနေသည်။ ရုတ်တရတ် ခေါင်းပေါ်မှ အလင်းရောင်ကြောင့် မျက်လုံးတွေ ခဏတာ မှိတ်ထားလိုက်သည်။ ထိုနောက် ခန်းမ တစ်ခုလုံး လင်းထိန်သွားသည်။ သူ့ရှေ့တည့်တည့်တွင် လူတစ်ယောက်ရပ်နေသည်။ ထိုလူက သူ့ကိုကျောပေးထားသည်။ ဝတ်ထားတဲ့အဝတ်အစားက နောက်ကျောကနေကြည့်တာတောင် သူနဲ့လိုက်ဖတ်လွန်းလှပါသည်။

ထိုလူတဖြည်းဖြည်း သူ့ဘက်ကိုလှည့်လိုက်သည်။

"အမ့့်  ဦး "

ထို့နောက် မင်္ဂလာတီးလုံးသံတွေ ပျံ့လွှင့်လာရင်း ဦး လည်းတဖြည်းဖြည်း သူဆီလာနေသည်။

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now