အပိုင်း ( ၉ )

6.8K 309 3
                                    

ချိုမြိန်လှသော မနက်ခင်းလေးဟာ အရောင်တွေညိုးတော့ မှာကို မသိပဲ ရှိုင်း အပျော်ကြီးပျော်နေမိခဲ့သည်။

စားပွဲပေါ်မှ ဖုန်းရဲ့ တုန်ခါသံဟာ တဝီဝီမြည်နေသည်။ဦး ကုတင်ဘေးနားရှိ စားပွဲလေးပေါ်မှ ဖုန်းကိုယူလိုက်သည်။

Hospital !

ဘယ်အကြောင်းကိစ္စပါလိမ့်ဟု ဦးတွေးနေမိသည်။
စောင်ထဲမှ ရှိုင်း ခေါင်းပြူထွက်ကာမေးသည်။

"ဘယ်က ဖုန်းလဲ ဦး "

"ဆေးရုံကပါ ကလေး အိပ်ချင်ထပ်အိပ်လေ
ဦး ဖုန်းသွားပြောလိုက်ဦးမယ်နော် "

"တော်ပါပီ ရေချိုးလိုက်ဦးမယ် "

"အွန်း "

ရှိုင်း ရေချိုးခန်းထဲ ဝင်သွားတော့မှ ဖုန်းကိုင်လိုက်သည်။

"ဘာကိစ္စရှိလို့ "

"ဆရာရဲ့ လူနာ အရေးပေါ်တင်လိုက်ရတယ် "

"ဘယ်သူလဲ "

"ဒေါ်မြနွယ် "

"ရှိုင်း "

စိုင်းနေဦး ပြောတာကို ဟိုဘက်မှ ဆရာဝန်မလေးမှ ကြောင်တောင်တောင်ဖြစ်သည်။

"ရှင် "

"ဘာမှ မဟုတ်ပါဘူး ငါ အခုလာခဲ့မယ် "

ဦး ရုတ်တရတ်အမြန်ထွက်သွားသည်။ ရေချိုးမှ ထွက်လာတော့ ဦး ထိုအခန်းတွင်မရှိတော့ပေ။
အဝတ်စားတွေလည်း ယူမသွားဘူး။
ဦး ဘာဖြစ်သွားတာပါလိမ့်။

"ဝုန်း" တံခါးဖြင့်သံကြောင့် သူလန့်သွားသည်။
ဦး ဝင်လာကာ ရှိုင်း ရဲ့လက်ကို ဆွဲကာ ထိုအခန်းမှ အပြေး ဆွဲခေါ်သွားသည်။

ကားထဲ ကို ဇွတ်ဝင်ခိုင်းသည်။ ဦးသဘော အတိုင်ပင် ဝင်ထိုင်လိုက်သည်။ ကားစက်နှိုးကာ ဂီယာကို အသားကုန်တင်သည်။ရှိုင်း လန့်လာသည်။ဦးကို ကြည့်တော့ ဇောချွေးတွေပြန်နေသည်။

"ဦး ဘာကိစ္စဖြစ်လို့လဲ "

"မမေးနဲ့ ထိုင်ခုံ ခါးပတ်ကိုသေချာပတ်ထား "

ခဏကြာတော့ ဆေးရုံကိုသွားနေတယ်ဆိုတာသိလိုက်သည်။

"ရှိုင်း ဦးပြောစရာရှိတယ် "

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now