အပိုင်း ( ၆ )

7.5K 327 4
                                    

ဒီနေ့ ဦး ချည်သားပုဆိုး အပြာနုတ်အကွက်စိတ်လေးကို အနက်ဘောင်လေးတွေပါသော လုံချည်ကို ဝတ်လာသည်။ဖိနပ်ကလည်း ကတီပါ အနက်လေးဖြင့် အကျီ င်္အပြာနုလက်ရှည်လေးကို ခေါက်ပြီး ဝတ်လာသည်။ ကျနော် တခါမှဒီလိုပုံစံဖြင့်မမြင်ဖူးပေ။ ပြီးတော့ ဦး မုတ်ဆိတ်ရိတ်လာတယ်ထင်တယ်။ မေးစေ့ တဝိုက်မှာ မုတ်ရိတ်ရေးရေးလေးတွေသာ တွေ့ရသည်။ ထို့အတူ ခပ်ညိုညို နူတ်ခမ်းထက်က အမွှေးတို့ပါရိတ်ထားသည်။
ဝါ့း ဒီလိုရိတ်ထားတာတောင် ဦးက ခန့်ပြီ: ချောသန့်နေတာပဲဗျာ။ ကြည့်လို့တောင်မဝသေးခင် ဦးက ရိတ်မိသွားသလို ပြောသည်။

"ဟိတ့့်  ကလေး ဘာတွေ ဒီလောက်ကြည့် "

ဒီလူတော့လား ငါ့ကို ကလေးလို့ခေါ်ပြန်ပြီ ဒီကဖြင့် တဦးတည်းဦးနေတာကို စိတ်တိုတယ်။

"ဘာမှ မဟုတ်ပါဘူးဗျာ ကြည့်ချင်လို့ကြည့်တာပါဗျ "
ခပ်ရွဲ့ရွဲ့ပင်ဖြေလိုက်သည်။

"ဟာ့း့ ဘာရယ် ရှိုင်း "
"ဘာ ဘ ဘာမှ မဟုတ်ပါဘူး ဟို ဟိုဟာ့  အော် လာမယ့် weekendမှာ ခရီးထွက်ဖို့ ကိစ္စ လေ"

ဟာ့း့  တကယ်တုံးလိုက်တဲ့ ငါပါလား ။ဒီပါးစပ် ကတော့ နာတော့မယ်။ အမြဲတမ်း လွှတ်လွှတ်ထွက်လွန်းတယ် ။ ကြာရင့့် မလွယ်။
ဦး ချက်ချင်းပင် အာ့ဒီကိစ္စဆီရောက်သွားတယ်ထင်သည်။

"အော် ဟုတ်သားပဲ ဘယ်သူတွေလိုက်မှာလဲ မလိုက်ဘူးလဲ "

"လိုက်မယ်တယ် အကုန်လုံး "

"ဟုတ်လား ဒါဆိုရင်တော့ ကား ၃စင်းမှ ရမယ်ထင်တယ်နော်"

"ဟုတ်တယ်ဆရာ"

ချိတ်ထားသော ဂျုတ်တီကုတ်ကို ဖြုတ်ယူဝတ်လိုက်သည်။ ဒီလိုဆိုတော့လည်း ဦးကိုကြည့်ကောင်းနေပြန်ရော ။

"ဟိတ့့်  ကလေး ဘာလုပ်နေတာလဲ "

"ဗျာ "

ဦး ကဖြင့် သူ့အခန်းမှ အပြင်သို့ရောက်တောင်နေပြီ ။ငါဘာတွေ စိတ်ကူးယဉ်နေမိတာပါလိမ့်။
ဒီနေ့ ဦးနဲ့တူတူ လူနာတွေကို စမ်းသပ် စစ်ဆေးရမည်။
စမ်းသပ် စစ်ဆေးရမည်ဆိုမှ အမေရော ဘယ်လိုလုပ်မလဲ ခုထိ အမေ့ကို ရင်မဆိုင်ရဲသေး။
ဒါပေမယ့် ဦးက ဘေးနားမှာရှိတော့ နည်းနည်းတော့ စိတ်သက်သာရာ ရမိတာတော့အမှန်ပင်။
ဦးက ရှေ့ကနေ ခပ်သွက်သွက်လျောက်နေသည်။ လူနာတွေကို တစ်ယောက်ပြီးတစ်ယောပ်စစ်ဆေးကာ
စိတ်ချဖို့ ပြီးရင် ကောင်းသွားမှာ ဖြစ်ကြောင်း နှစ်သိမ့်ပေးနေသည်။ ကျနော်ကတော့ ဦးအနောက်ကို တကောက်ကောက်လိုက်နေရသော ကလေး လိုဖြစ်နေသည်။ သို့ပေမယ့်လည်း ဆရာဝန်ယောက်ဖြစ်မယ့် ကျွန်တော့် အတွတ် ဗဟုသုတရသည်။ ကျောင်း တစ်နှစ်နားထားသောကြောင့် ခုချိန်မှာ ငွေရှာဖို့သာလျှင် ဦးစားပေးဖြစ်နေသည်။

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now