အပိုင်း( ၁၀ )

6.6K 330 1
                                    

ကျွန်တော် တစ်ယောက်အတွတ်နဲ့ ဦးကို မထိခိုက်စေချင်ဘူး။ ပြီးတော့ ဦး အမေရဲ့ ခံစားချက်ကိုလည်း နားလည်ပါတယ်။ ကျွန်တော်ကြောင့် ဦးနဲ့ဦးရဲ့မေမေ နဲ့ ပြသာနာမဖြစ်စေချင်ဘူး။ ပြီးတော့ ဦးကို သာယာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်စေချင်ပါတယ်။ ဦး က ရွှေစင်နဲ့ လိုက်ဖက်လွန်းလှပါတယ့့်   ။

ထိုညက သူ ဦးအတွတ် ရင်နာနာနဲ့ ဦးကောင်းဖို့ တွေးနေမိခဲ့တယ်။ သူ့ကိုယ်သူပြန်ပြောနေမိသည်။
ငါ လုပ်တာ မှန်မှာပါ ဆိုပြီး အကြိမ်ကြိမ် အတွေးပင်လယ်ထဲမှာ နစ်မျောနေခဲ့သည်။ ဦး အတွတ် တွေးနေမိသော်လည်း ဦးကို ဆုံးရှုံးရမှာကြောက်မိသည်။
ဦးကို တကယ်ချစ်ရင် ဒီလိုပဲ လုပ်မှရမှာပါ။

နောက်တစ်နေ့ တစ်ရက့့် 
အလုပ် နားရက်ဖြစ်သည့် အတွတ် အိမ်မှာပဲ တစ်နေလုံးရှိနေမည်ဖြစ်သည်။ ဦးကိုလည်း  စိတ်မလုံ၍မတွေ့ချင်သေးပါ။ ဦးတော့ သူ့ကိုမျှော်နေမလားပဲ စဉ်းစားမိသည်။
ထိုစဉ် ကားတစ်စင်း ဒေါ်လှနွယ်တို့ အိမ်ရှေ့ ထိုးရပ်သံကြားလိုက်သည်။  စိတ်ထဲမှာတောင်းတ နေသည့်  ဦး များဖြစ်နေမလား။ ရှိုင်း ရဲ့ အဖေ ဒေါ်လှနွယ်တို့ အိမ်သို့ ရောက်လာသည်။

ဒေါ်လေးက အဖေနှင့် တံခါးဝရှေ့မှာရပ်ကာ စကားပြောနေသည်။ သူကတော့ အဖေကို စိတ်နာနေလေသလား ဦး မလာသည့် အတွတ်ကြောင်းလား မသိပါ  အခန်းတံခါးကို ဆောင့်ပိတ်ကာ ကုတင် ထက်တွင် လှဲပစ်လိုက်သည်။

"ဒေါက် ဒေါက် ဒေါက် "

"သား မောင်ရှိုင်း မင်းဖေဖေက ပြောစရာရှိလို့ပါတဲ့ ခဏလောက်ထွက်ခဲ့ပါဦး "

"ဟုတ်ပါတယ် သားရယ် အဖေပြောတာလေးတော့ နားထောင်ပေးပါဦးကွာ "

ရှိုင်း အခန်းတံခါးကို မှီရပ်လိုက်သည်။

"ဘာမှ မပြောနဲ့ဗျာ အမေသေရတာ အဖေကြောင့်ပဲ
အဖေစိတ်နဲ့ အမေ ခုလိုဖြစ်တာ "

"ဒါဆိုလည်း အဖေပြောတာလေးပဲ နားထောင်ပေးပါ ပြီးရင် အဖေပြန်ပါ့မယ် "

"ဟုတ်ပါတယ် ငါ့တူရယ် ဒေါ်လေးလည်း မနေ့က
အလုပ်သွားရင်း မင်းအဖေနဲ့ အမှတ်မထင်တွေ့ခဲ့ပြီး မင်းအဖေက အကုန်ရှင်းပြပေးလို့ အဖြစ်မှန်အကုန်သိခဲ့ရတယ် "

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now