အပိုင်း ( ၁၃ )

6.3K 289 1
                                    

စားပွဲထိုးမှ မှာထားသော ကော်ဖီ နှစ်ခွက်ကိုလာချပေးသည်။ ထိုလူကိုကြည့်တော့ အရင် ငါးနှစ်တုန်းကလိုပဲ ပြောင်စပ်စပ်နဲ့ ပြုံးပြနေသည် ။ ဒီလူ သူ့ကိုခုထိမှတ်မိနေတယ်ပေါ့။ ကိုယ်တောင် သူပြောမှာပဲ မှတ်မိတယ်။ ဟုတ်မှာပေါ့ ဦးရဲ့ သူငယ်ချင်းဆိုတာ ဖြစ်နေတာကို။

ရှိုင်း ကော်ဖီခွက်ကို မြည်းစမ်းကြည့်လိုက်သည်။
ပြန်အချမှာ ထိုလူကိုကြည့်ကာပြောလိုက်သည်။

"ခများက ကျွန်တော့်ကို ခုထိမှတ်မိတယ်ပေါ့ "

ထိုလူက မျက်နှာပြောင်ဖြင့်ပြန်ဖြေသည်။ လူက ချောပြီးသားကို မျက်နှာပြောင်တာလောက် ရုပ်ဆိုးတာမရှိဘူး။

"မှတ်မိတာပေါ့ မင်းနဲ့ကိုယ်နဲ့တွေ့ဆုံမှုက ထူးခြားတယ်လေ ဒါကြောင့်မှတ်မိနေတာပါ
ကိုယ့် ဆံပင်တွေဆွဲတာ မှတ်မိသေးလား "

မှတ်မိသည်။ သို့သော် ရွဲ့ကာ မသိချင်ယောင်ဆောင်လိုက်သည်။

"မသိပါဘူး ဒါနဲ့ ခများ ကိုမေးရဦးမယ် "

"ခများနဲ့ ကျွန်တော် သူငယ်ချင်း လည်း မဟုတ်ပဲနဲ့ ဘာလို့ ရင်းရင်းနှီးနှီး လာဆက်ဆံနေရတာလဲ "

"ဘာ လို့ ဆို ကိုယ့်သူငယ်ချင်း ရည်းစားက ကိုယ့်သူငယ်ချင်းပဲပေါ့ "

"ဟားးးး ခများ ဟာသတွေသိပ်ပြောတတ်တာပဲနော် "

"မင်းကို ပျော်စေချင်လို့ပါ "

"ဟုတ်ပါပီဗျာ ကျွန်တော်လည်းအရင်လို ကလေးမဆန်တော့ပါဘူး
ဒါနဲ့ ဦးနဲ့ ကျွန်တော်နဲ့ ချစ်သူ ဖြစ်နေတာ ဘယ်လိုသိတာလဲ "

" စိုင်းနေက အကို့ကို ဖြစ်သမျှ ရင်ဖွင့်တယ်
ရွှေစင့်ကို သူလက်မထပ်နိုင်တဲ့ အကြောင်းကော
မင်းနဲ့ ချစ်သူဖြစ်နေတဲ့အကြောင်းကော အကူန်ရင်ဖွင့်တယ်

ပြီးတော့ စိုင်းနေ ခုလိုဖြစ်တာ အကို့ရဲ့ အမှားလည်းပါ ပါတယ်။ အဲ့နေ့ညက စိုင်းနေ နဲ့ အကို တူတူသောက်ဖြစ်တယ်။ သူ တခါမှ မသောက်ဖူးဘူး ။ စိတ်ပူလို့ လိုက်ပို့မယ် ပြောပါသေးတယ်။ သူက ဇွတ်ငြင်းနေတာနဲ့ အကိုလည်း စိုင်းနေကို တစ်ယောက်ထဲ လွှတ်လိုက်မိတာပါ "

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now