အပိုင်း ( ၂၃ )

6K 223 25
                                    

တေဇ အထုပ်တွေထုပ်နေတုန်း ဖုန်းသံဟာ တုန်ခါလာသည်။ ထည့်လက်စ အင်္ကျီကို အထုပ်နှုတ်ခမ်းတွင်ထားကာ ဖုန်းကိုင်လိုက်သည်။ နောက်အပတ် တနင်္လာတွင် နိုင်ငံခြားသို့ထွက်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။ ဒီနေ့က စနေနေ့ ဆိုတော့ သူဒီနိုင်ငံက ထွက်သွားဖို့ အချိန် တစ်ရက်သာ ကျန်တော့သည်။

"တေဇ "

တဖက်ဖုန်းမှ သူ၏နမည်ခေါ်တော့ စိုင်းနေဦးဆိုတာသိလိုက်သည်။ဘာအကြောင်းကိစ္စလဲတော့မသိပေ။ တေဇအပေါ် ခင်မင်မှုမပျက်သေးဘူးဆိုတာတော့ သိလိုက်ရသည်။ တေဇလည်း သိထားပါတယ် စိုင်းနေက အစွဲလမ်းကြီးတဲ့သူ တခါချစ်မိရင် တခါခင်မိရင် ဘယ်တော့မှ လက်မလွတ်တတ်တော့ဘူး။
နမည်ကို တန်းခေါ်တော့ နည်းနည်းတော့ ကြောင်သွားသည်။

"အေး စိုင်းနေပြော ဘာဖြစ်လို့လဲ "

"ငါမင်းကို အကူအညီတောင်းစရာလေးရှိလို့
မင်းနဲ့တွေ့ပြီး ပြောချင်တယ် "

"အေး ရတယ် ငါဘယ်လာခဲ့ရမလဲ "

လိပ်စာပို့လိုက်သည်။ အရင်တစ်ခါက သူတို့နောက်ဆုံး ထိုင်ခဲ့တဲ့ ကော်ဖီဆိုင်ပင်ဖြစ်သည်။

ယနေ့ ရာသီဥက သာယာသည်။ ဆိုင်ကလည်း နေ့လည်ပိုင်းလောက်ဖြစ်တာမို့ လူလည်းနည်းလှသည်။ ဒီတစ်ခါတော့ တေဇအရင်ရောက်နှင့်နေသည်။
တေဇ ရောက်ပြီး ငါးမိနစ်ကြာမှ စိုင်းနေရောက်လာသည်။

တေဇနှင့် မျက်ချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ စိုင်းနေကိုမြင်တော့ တေဇမျက်နှာပူမိတာတော့ အမှန်ပင်ဖြစ်သည်။ဖြစ်လာမှတော့ ရင်ဆိုင်ရတော့မည်။အခုလည်း အကူအညီတောင်းမည်ဟု ဆိုသည်။ဘယ်လိုအကူညီဖြစ်ဖြစ် သူပေးဖို့အသင့်ပင်။

ဝိတ်တာလေးမှ မီနူးလာချပေးသည်။ စိုင်းနေကတော့ ထုံးစံအတိုင်း ကော်ဖီမှာလိုက်သည်။ တေဇကတော့ စန်းကစ် တစ်ခွက်မှာလိုက်သည်။

"စိုင်းနေ ငါ့ ကို့  "

"ထားလိုက်ပါတော့ကွာ မင်းနဲ့ငါက သူငယ်ချင်းတွေပဲ လူတိုင်းအမှားနဲ့တော့ဘယ်ကင်းမလဲ "

"ကျေးဇူးပါကွာ "

"ကဲ ထားပါ ငါလာရင်းကိစ္စက မင်းကိုအကူညီတောင်းမလို့ "

ကျွန်တော်ချစ်သော ဦး (My lovely Oo)Opowieści tętniące życiem. Odkryj je teraz