အပိုင်း ( ၅ )

7.9K 351 8
                                    

ခြေလှမ်းတွေ တွန့်ဆုတ်နေမိသည်။ ငါးယောက်မြောက်လူနာဟာ သူရဲ့အမေဖြစ်သည့်အတွတ် အနည်းငယ်စိတ်ပူနေမိသည်။

၉.၃.၂၀၁၇
ပထမဆုံး ရှိုင်းအတွတ် ဆေးတက္ကသိုလ်ဆိုတာကို စတင်တတ်လှမ်းရမည့်နေဖြစ်သည်။ထိုနေ့ကအပျော်ဆုံးနေ့ဖြစ်သလို ဝမ်းအနည်းဆုံးနေ့လည်းဖြစ်ခဲ့သည်။ ကျောင်းထဲတောင် မရောက်ဖြစ်ခဲ့ပါ။ အိမ်ကအထွက် အမေဟာ ရုတ်တရတ်လည်းကျသွားခဲ့သည်။ ရောဂါဟာဖြစ်နေတာကြာပြီထင်ပါရဲ့။ အဖေမရှိခဲ့ကတည်းက တယောက်ထဲအားတင်းရုန်းကန်ခဲ့ရသည်။ ဇာတိက ယခုလိုမြို့ကြီးပြကြီးကမဟုပေ။ ခုဆိုဒီကိုရောက်နေတာ ဆယ်တန်း မတတ်ခင်ကတည်းကဆိုတော့ အနည်းငယ်တော့ကြာပြီပေါ့။ အမေလှဲ လဲချင်းမှာပဲ ဒေါ်လေးနွယ်က အမြဲတမ်းကူညီပေးခဲ့သည်။ ဒါပေမယ့်လည်း ကျောင်းစရိတ်ထောက်ပံ့တာကိုမယူခဲ့ပေ။ ကျောင်းကိုဆကမတတ်ပဲနားလိုက်တော့သည်။ ဒါတွေကို အမေမသိအောင် ထားရသည်။ ဒေါ်လေးကိုတော့နားလည်အောင်ပြောထားပါသည်။

အမေကတော့ ကျောင်းတတ်နေတုန်းပဲနေထင်နေမှာပေါ့။ သိရင် စိတ်မကောင်းဖြစ်နေမှာ။အမေ ဆေးရုံစတတ်တဲ့နေ့နဲ့ ဆေးတက္ကသိုလ်စတတ်တဲ့နေ့ဟာ တိုတ်လည်းတိုတ်ဆိုင်လွန်းလှသည်။ ကံတရားက ရတ်စက်လေခြင်းဆိုပြီး ရှိုင်း တွေွး့နေမိလေခဲ့သည်။

သူသိမှာပါ ဆရာဝန်လောင်းပဲကို ထက်မြတ်သူဖြစ်၍ ဒီလောက်ကတော့သူသိသည်။ ဦး တမင်ထင်ချန်ခဲ့တာဆိုတာကောပေါ့။အမေကကော သူ့ရောဂါကို သူသိနေပြီလား။ လျောက်တဲ့ခြေလမ်းတိုင်းဟာတွန့်ဆုတ်နေသည်။

ငါးယောက်မြောက် လူနာကို ဦးမေးသည်။ ပြောဖို့ သူ့အတွတ်ခက်နေသည်။ ဒါပေမယ့် ပြောလိုက်သည်။

"ဒုတိယအထပ် အခန်းနံပတ် 23့ "

ဦး ခြေလှမ်းများ ရုတ်တရတ် ရပ်လိုက်သည်။
ဦးရင်းနှီးနေတဲ့နံပတ်ပင်ဖြစ်သည်။ထိုကြောင့် ခေတ်တရပ်လိုက်ပြီးမှ ဆက်သွားလေသည်။ ရှိုင်းကတော့ဘေးက လိုက်လာသည်။ အခန်းနားရောက်တော့

"မင်း ဒီမှာနေခဲ့ "

ဦးကပြောသည်။စိတ်ထဲမှ ကျေးဇူးတင်နေမိသည်။
ဦး ထိုအခန်းထဲဝင်သွားလိုက်သည်။တံခါးကို အသာပိတ်လိုက်သည်။တံခါးအပေါ်အထက်နားတွင် ထောင့်မှန်စတုဂံပုံစံ မှန်ဖြင့်ကာထားသော အပေါက်လေးရှိသည်။ ထိုအပေါက်နားမှ ဦးစစ်ဆေးနေတာကို အမေမသိအောင်ကြည့်နေသည်။ အမေက ဦးနဲ့ဆေးစစ်ရင်ပျော်နေတယ် ထင်ပါရဲ့။ ဦးနဲ့စကားတွေပြောရင် ပျော်နေသည်။ရှိုင်း ကြည့်ကာမျက်ရည်ဝဲနေမိသည်။ ခဏကြာတော့ ဦးထွက်လာသည်။ သူ့မျက်ကို အားနာနာဖြင့်ကြည့်နေပုံ။ ဦးမျက်နှာအမူအရာက စိတ်မကောင်းစရာအခြေအနေကို ဖော်ပြနေသည်။
ဦးနာရီကို တချက်ကြည့်လိုက်သည်။

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now