အပိုင်း ( ၄ )

8.6K 413 3
                                    

ဦး ဒီနေ့ မတိုင်မှီ တရက်ကပင် ရှိုင်းနှင့်ခရီးသွားဖို့ ကြံရွယ်နေခဲ့သည်။ ခရီးစဉ်တွင်လိုက်ပါရန် အတွင်းရေးမှူးအဖြစ်ခန့်အပ်လိုက်တာ အကောင်းဆုံးပင်ဖြစ်သည်။ ရှိုင်း ကို ဦးအနားမှရှိနေစေချင်ပုံရသည်။

"ကျနော် ကဘာလို့ ဦးနဲ့ ဆရာနဲ့ လိုက်ရမှာလဲ ကျနော်က ခုမှအလုပ်စဝင်တာလေ "

ဦး ထိုင်နေရာမှထ၍ ရှိုင်းအနားသို့ နီးစွာသွားလိုက်သည်။ မျက်နာချင်းဆိုင်ရပ်လိုက်သည်။ ပြီးတော့ မျက်လုံးကို စေ့စေ့ကြည့်ကာပြောသည်။
တဖြည်းဖြည်း နဲ့ မျက်နာ နှစ်ခုဟာ နီးကပ်လာသည်။ ရှိုင်း ကိုယ်ကိုနောက်လှန်ကာ အလိုက်သင့်နေလိုက်သည်။

"မင်းက ငါ့ရဲ့အတွင်းရေးမှူးလေ ငါဘယ်သွားသွား မင်းလိုက်ရမယ် "

ရှိုင်း ကိုယ်ကို ဖြည်းဖြည်းချင်းမတ်လိုက်သည်။ ဦးလည်း နည်းနည်းရှက်သွားသယောင်။ ပြန်ပြီး ပုံမှန်အတိုင်းနေလိုက်သည်။

"ဒါဆို အိပ်သာထဲ သွားရင်ကော "

"ဘာ "

ဦး ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ

"မင်း လိုက်ချင်ရင်ပေါ့ "

ငါတော့ အမှုပတ်ပြီ မမေးလိုက်သင့်ဘူး။ငါ မမေးသင့်ဘူး။ မမေးသင့်တာမေးမိတော့ ဦးဘယ်လိုထင်သွားမလဲ။ ငါရှက်လိုက်တာ ။

"ခမျာ့း့ "

"ဘယ်လိုခေါ်လိုက်တယ် ကိုယ့်အလုပ်ရှင်ကိုလေ "

ရှိုင်းမျက်နှာကို ပြုံးကာပြန်ဖြေသည်။

"တောင်းပန်ပါတယ် ဆရာရယ် ဆရာ့ကိုဆရာလိုမခေါ်မိတာ ခွင့်လွှတ်နော် ဆရာ "

"ဟား"

ဦး ကြာလောင်စွာရီလိုက်သည်။ သူရွဲ့နေတဲ့ပုံက ဦးစိတ်ထဲမှာချစ်ဖို့ကောင်းတယ်ထင်ပါ့။
ရှိုင်း မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။ပြီးမှ ပြန်ဖြေလျော့ကာ  ခပ်ပြုံးပြုံးပင်နေလိုက်သည်။
ဦး ထိုင်ခုံသို့ပြန်သွားထိုင်လိုက်ကာ  ယနေ့ ကြည့်ရှု့စစ်ဆေးရမည့် လူနာစာရင်းတွေကို အံဆွဲထဲမှာထုတ်ကာ ရှိုင်းကိုပေးလိုက်သည်။
စာရင်းတွေကို တစ်ချက်ကြည့်ကြည့်လိုက်သည်။ ငါးယောက်မြောက်တွင် "ဒေါ်မြနွယ်"

ကျွန်တော်ချစ်သော ဦး (My lovely Oo)On viuen les histories. Descobreix ara