EP.3 (Zawgi)

1.2K 112 2
                                    

❤ ချစ်ခဲ့ပါသည် သို့သော်..... ❤

EP.3

Jung '' လုံးဝလွဲ လို့မဖြစ်ဘူးနော် သေချာလုပ်ပါ ဒီနှစ်ယောက်ကို ဒီညရှင်းမှ ဖြစ်မယ် အဓိကကတော့ Do kyungsoo ဆိုတဲ့ ကောင်ပဲ သူသာသေရင် သူ့ညီကို ရှင်းဖို့ကမခက်တော့ဘူး ''

" ဟုတ်ကဲ့ပါ ဒါနဲ့ ခင်ဗျားကရော အဲဒီမှာရှိမှာလား ''

Jung '' arnyi.... ငါကအလုပ်ကိစ္စနဲ့ ခရီးသွား တယ်လို့ ပြောထားတယ် ဂရုစိုက်ပြီး လုပ်ပါ Do kyungsoo ကို အထင်သေးလို့မရဘူး သူကလျင်တယ် ''

" ဟုတ်ကဲ့ သိပါပြီ ''

တိတ်ဆိတ်မှုတွေ ဖုံးလွမ်းနေသော မနက်နှစ်နာရီ အချိန် ဟာ အိပ်မရတဲ့ Kyung အတွက် အကောင်းဆုံး အဖော်မွန် ဖြစ်နေလေသည် ။

မနက်ဖြန် omma တို့ဆုံးတာ 1လပြည့်နေ့မို့
Kyung အတွေးများနေသည် ။ အခုလို အိပ်မပျော် တဲ့ညမျိုး ဆို omma ရဲ့ရင်ခွင်ထဲ တိုးဝင်ပြီး ချော့သိပ့် စေခဲ့တဲ့ အရင်ချိန်များ ကို လွမ်းဆွတ်မိသည် ။ တကယ်ဆို Kyung အရမ်း ပင်ပန်းသည် ။ Suho ရှေ့မှာ ရင့်ကျက်တည်ငြိမ် နေသလို ဟန်ဆောင်နေရတာ ပင်ပန်းသည် ။
ဒါပေမယ့်လည်း သူဒီလိုတည်ငြိမ်နေမှလည်း Suho သူ့ကိုယုံကြည် အားထားမည်မဟုတ်ပါလား ။

Kyung ခုတင်ပေါ် ထိုင်နေရင်းမှ ထကာ Suho အခန်းဘက်သို့ ကူးခဲ့သည် ။ အခန်းရှေ့ရောက်တော့
တံခါးလေးအနည်းငယ် ဟနေသည် ။ ညအိပ်ချိန်တိုင်း အမြဲတံခါကို သေချာ ပိတ်အိပ် တတ်သော Soho က ဤကဲ့သို့ တံခါးကို ဟထား စရာအကြောင်းမရှိ.....
တံခါလေး အသာတွန်းဖွင့်လိုက်တော့ ခေါင်ဦးကို ကိုင်ပြီး Suho မျက်နှာပေါ် အုပ်ဖို့ ကြံနေသော လူတစ်ယောက်......

Kyung '' ရပ်စမ်း....အဲတာဘာလုပ်
နေတာလဲ ''

Kyung အသံကြားတော့ ထိုလူက ဖြတ်ခနဲ kyung ဘက်ကို လှည့်လာတယ် အခန်းကအနည်းငယ် မှောင်နေပေမယ့် သေချာမြင်နိုင်သည် ။ ထိုလူရဲ့ မျက်နှာပေါ် က အကျည်းတန် လှစွာသော အမာရွတ် ကြောင့် kyung ပင်လန့်သွားမိသည် ။
Kyung ကို မြင်တော့ ထိုလူကခေါင်းဦးကို ချလိုက် ပြီး ခါးမှ တစ်စုံတစ်ရာ ကို နှိုက်လိုက်သည် ။ ထိုလူရဲ့ လက် ခါးမှပြန်ထုတ်လာတော့ လက်ထဲတွင် ပါလာသော ဓားမြှောင်.....

ချစ်ခဲ့ပါသည်...Where stories live. Discover now