EP.13 (uni)

396 30 0
                                    

ချစ်ခဲ့ပါသည် သို့သော်...... EP.13

Yeol တို့ kyung ရှိမယ့် ဆေးရုံကို လိုက်ရှာပေမယ့် Kyung နာမည်ကို မတွေ့ခဲ့ရ ။
အခုဆို kyung ပျောက်နေတာ နှစ်ပတ်ပြည့် သွားပြီ ဖြစ်သည် ။ Suho တက်ခဲ့တဲ့ ဆေးရုံကို သွားပြီး Suho ရဲ့ အရိုးပြာအိုးလေး သွားယူတော့ လူတစ်ယောက်က suho မိသားစုဝင် ဆိုပြီး ပြာအိုးကို ယူသွားတယ်လို့ တာဝန်ကျ ဆရာဝန်က ပြောပြခဲ့တယ် ။

ကြာတော့ yeol လည်း မျှော်လင့်ချက် မဲ့လာသည်

Xing ကတော့ အိမ်ထဲက အိမ်ပြင် မထွက်ပဲ အရက်နဲ့သာ အဖော်ပြုနေသည် ။ အရက် သောက်ပြီးတိုင်း Suho ဓာတ်ပုံကို ကြည့်ပြီး တစ်ယောက်တည်း စကားကို ဖောင်ဖွဲ့အောင် ပြောနေတတ်သည် ။ xing မိဘတွေက လာခေါ် ပေမယ့် Xing ကတော့ အတွေ့မခံပဲ ပြန်လွတ်လိုက်သည် ။

သူငယ်ချင်း နှစ်ယောက်ရဲ့ အဖြစ်ကို ကြည့်ပြီး အားမလိုအားမရ ဖြစ်နေသူက Luhan ။ Tao နဲ့ Yifan အလုပ်ကိုယ်စီနဲ့မို့ မလာနိုင် တစ်ခါ တစ်လေ တော့ လာကြည့် ကြပါတယ် ။

Lu '' Tao ရား ဟိုနှစ်ယောက်ကို လာကြည့်ပါဦးကွာ ကြာရင် ငါလည်း ရူးတော့မယ် ''

Tao '' ငါမနက်ဖြန်မှ Seoul ကို ပြန်ရောက်မှာ အဲဒီတော့မှ လာခဲ့မယ် ''

Lu '' OK "

Xing '' မပြန်သေးဘူးလား ''

Suhoရဲ့ အခန်းထဲမှ ထွက်လာရင်း မေးလာသော xing

Lu '' အမ်....... မင်းတစ်ယောက်တည်း ဖြစ်နေ....''

Xing '' ငါအဆင်ပြေပါတယ် ''

Luhan လေပူ တစ်ချက် မှုတ်ထုတ် လိုက်ပြီး

Lu '' ကျန်းမာရေးလည်း ဂရုစိုက်ဦး တစ်နေ့ တခြား ပိုပိုပိန်လာတယ် ကိုယ့်ကိုယ်ကို မှန်လည်းပြန်ကြည့် ဦး ဘာရုပ်ပေါက်နေပြီ လဲလို့ အရင်က Zhang yixing ပြန်လာရင် သိပ်ကောင်းမှာပဲ ''

Xing ပြုံးသည် သို့သော် အသက်မပါ

Xing '' တစ်ချိန်က Zhang yixing က Suho ဆိုတဲ့ ကောင်လေးနောက် လိုက်သွားပြီ ''

Luhan သက်ပြင်းရှည်ချကာ

Lu '' xing ရားးး အရင်လို ပြန်နေစမ်းပါကွာ ဒီလို ပုံစံ နဲ့ ကိုယ့်ကိုယ်ကို နှိပ်စက် နေမယ့် အစား Suho အတွက် တစ်ခုခု လုပ်ပေးပါလား ''

ချစ်ခဲ့ပါသည်...Where stories live. Discover now