EP. 15 (Zawgyi )

1K 111 9
                                    

ချစ်ခဲ့ပါသည် သို့သော်....... Ep. 15

Yeol '' Dr. Oh Sehun မဟုတ်ပါလား ''

Se '' ဟုတ်ကဲ့ ကျနော် Sehun ပါ ''

Yeol '' ခဏလောက် အချိန်ပေးလို့ ရမလား ကျနော် မေးစရာလေး ရှိလို့ပါ ''

Yeol '' ဟုတ်ကဲ့ ထိုင်ပါဦး ''

Yeol မမေးရသေး ပေမယ့်လည်း Yeol မေးမည့် အကြောင်း အရာအား Sehun သိပါသည် ။ Kyung အကြောင်းက လွဲပြီး တခြား မဖြစ်နိုင် ။

Sehun '' ကျနော့်ကို မေးစရာ ရှိတယ် ဆိုတာက? "

Yeol '' Dr. က Do Kyung Soo ဆိုတဲ့ ကောင်လေးကို သိမယ် ထင်ပါတယ် ''

Se '' ဟုတ်ကဲ့ ''

Yeol '' ကျနော့်ကို သူ့ကျန်းမာရေး အကြောင်းလေး ပြောပြလို့ရမလား ''

Se '' အားနာပေမယ့် ကျနော် ပြောပြလို့ မရပါဘူး ''

Yeol '' ကျနော် တောင်းဆိုတာပါ ''

Se '' ကျနော် တကယ် ပြောလို့မရလို့ပါ ''

Yeol '' ဒါဆို ကျနော်ပဲ ပြောပါ့မယ် သူ့ကျန်းမာရေး အခြေနေက ပုံမှန်ပဲ မဟုတ်လား သူ့မှာ စိတ်ရောဂါ မရှိဘူး ဟုတ်တယ်မလား ''

Se '' ဖြစ်နိုင်ပါတယ် ကျနော့်ကိုတောင် ရိုက်ပြီး လွတ်အောင် ပြေးနိုင်တယ် ဆိုတော့ ''

Yeol '' သူနဲ့ရော ရင်းနှီးလား ''

Se '' ကျနော်က အမြဲ အလုပ်များနေသူပါ သူ့လို လူနာ တစ်ယောက်နဲ့ ရင်းရင်းနှီးနှီး စကားတွေ ပြောနေဖို့ အချိန် မရှိပါဘူး ''

Yeol '' ဒါဆို သူ့ရဲ့ ဆေးစရိတ် ထောက်ပံ့ပေးတဲ့ သူကိုရော သိလား ''

Se '' ကျနော့် တာဝန်က သူ့ကို ကုသပေးဖို့ ပါပဲ ကျန်တာ ကျနော်နဲ့ မဆိုင်သလို သိလည်း
မသိပါဘူး ''

Yeol '' အားနာပါတယ် ကျနော် Dr. ရဲ့ နားချိန် ကို အနှောက်ယှက် ပေးမိပြီ ဒါဆို ခွင့်ပြုပါဦး ''

Se '' ဟုတ်ကဲ့ပါ ''

Sehun pov ' Kyung soo ရဲ့ ရည်မှန်းချက် ပြည့်နိုင်ဖို့ အချိန်ကာလ တစ်ခုအထိ ခင်ဗျားတို့ ဝေးနေမှဖြစ်မယ်

************************************

" ဘုတ် ''

" အာ့ !! "

ချစ်ခဲ့ပါသည်...Where stories live. Discover now